၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နှင့် နောက်ပိုင်းတွင် မွေးဖွားသည့် နိုင်ငံသား လူငယ်အားလုံးကို ဆေးရွက်ကြီး သုံးစွဲခွင့် တားမြစ်လိုက်ကြောင်း မော်လဒိုက်အစိုးရက နိုဝင်ဘာလ ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
ထို့ကြောင့် မော်လ်ဒိုက်နိုင်ငံသည် ကမ္ဘာပေါ်တွင် ယင်းသို့ တားမြစ်သည့် ပထမဆုံးနိုင်ငံ ဖြစ်လာသည်။
လူငယ်မျိုးဆက်များအကြား ဆေးရွက်ကြီးသုံးစွဲခြင်း၊ ဝယ်ယူခြင်း၊ ရောင်းချခြင်းတို့သည် ဥပဒေနှင့် ဆန်ကျင့်သော လုပ်ရပ်ဖြစ်လာမည်ဖြစ်ကြောင်း မော်လ်ဒိုက်ကျန်းမာရေးဝန်ကြီးဌာန၏ စနေနေ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ တားမြစ်ချက်က လူငယ်များကို ဆေးရွက်ကြီး၏ ဆိုးကျိုးများမှ ကာကွယ်ရန်အတွက် အစိုးရ၏ ခိုင်မာသော ကတိကဝတ်ကို ထင်ဟပ်ပြသကြောင်း ဝန်ကြီးဌာနက ဆိုသည်။
မော်လ်ဒိုက်နိုင်ငံ ဆေးရွက်ကြီးထိန်းချုပ်ရေးဘုတ်အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ Ahmed Afaal က ယမန်နှစ်က နိုင်ငံအတွင်း Vape သုံးစွဲမှုကို ပိတ်ပင်လိုက်မှုမှာ ဆေးရွက်ကြီးကင်းစင်သည့် နိုင်ငံသားမျိုးဆက်တစ်ခု ဖန်တီးရေးအတွက် ကောင်းမွန်သော ခြေလှမ်းတစ်ခုဖြစ်ကြောင်း ပြောသည်။
စနေနေ့က ထုတ်ပြန်လိုက်သည့် တားမြစ်မှုသည် ဆေးရွက်ကြီး အမျိုးအစားအားလုံးနှင့် အကျုံးဝင်ပြီး လက်လီ ရောင်းချသူများအနေဖြင့် ဝယ်သူ၏ အသက်အရွယ်ကို စစ်ဆေးမေးမြန်းပြီးမှသာ ရောင်းချခွင့်ရှိမည် ဖြစ်သည်။
ယင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးရွက်ကြီးထိန်းချုပ်ရေး မူဘောင်သဘောတူစာချုပ်အရ မော်လ်ဒိုက်အစိုးရ လိုက်နာရမည့် ကတိကဝတ်များနှင့် ကိုက်ညီကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
အသက် မပြည့်သူကို ဆေးရွက်ကြီးရောင်းချပါက ဒဏ်ငွေ ၅၀,၀၀၀ ရူဖီယား (အမေရိကန်ဒေါ်လာ ၃၂၀၀) ပေးဆောင်ရမည် ဖြစ်သည်။
Source: BBC ၊ DW







