BREAKING
October 18, 2025

တစ်ပတ်အတွင်း တနင်္သာရီသတင်း

October 4, 2025

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ

  • လုပ်ငန်းပိတ်သိမ်းဖို့ ကြေညာထားတဲ့ ကံပေါက်သတ္တုလုပ်ကွက်တွေ လာဘ်ထိုးပြီးပြန်လုပ်နေတဲ့ အခြေအနေ
  • ထီးဖြူဆောင်းပြီး ပလ္လင်ပေါ်တက် တရားဟောတဲ့ အမျိုးသား အဖမ်းခံရတဲ့သတင်း
  • KNLA တပ်ဖွဲ့ဝင်လေးဦး လက်နက်တွေယူပြီး စစ်အာဏာရှင်တပ်ဆီ ဘက်ပြောင်းတဲ့ အကြောင်း
  • ပလောက်က စစ်မှုထမ်းတပ်သားသစ်ခုနစ်ဦး KNU ဆီ ဘက်ပြောင်းတဲ့သတင်း
  • ထိုင်းက မြန်မာ ၁၄၀ ကို နေရပ်ထပ်ပို့တဲ့အခြေအနေ
  • ဘုတ်ပြင်းမှာ တံတားကျိုးကျပြီး ရဲတစ်ဦးသေဆုံးတဲ့သတင်း အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
  • ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “မြိတ်ဒေသခံတွေကို မအိုဆေးတိုက်နေတဲ့ ငါးအမှုန့်ကြိတ်စက်ရုံတွေ” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။