ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အောင်လအန်ဆန်းကတော့ ၁၀ နှစ်ပြည့်အထိမ်းအမှတ်အတွက် နိုင်ပွဲယူပြဖို့ စိတ်ကူးနေပြီ

September 4, 2024

ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား အောင်လအန်ဆန်း ဟာ လာမယ့်စက်တင်ဘာလ ၆ ရက်နေ့ကိုရောက်ရင် စိန်ခေါ်ပွဲထိုးတော့မှာပါ။

ဒီပွဲမှာ အောင်လအန်ဆန်း ရင်ဆိုင်ရမယ့်ပြိုင်ဘက်က ရုရှားဖိုက်တာ အာဒိုဂန် ပါပဲ။ ကစားသမားဘဝဖြတ်သန်းမှုတလျှောက်မှာ ရှုံးပွဲ လုံးဝမရှိသေးတဲ့ အာဒိုဂန်ကို အောင်လအန်ဆန်း အနိုင်ရပါ့မလားဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။

အခုတစ်ကြိမ်ထိုးမယ့်စိန်ခေါ်ပွဲဟာ အောင်လအန်ဆန်းအတွက် အရမ်းကို အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်ဟာ အောင်လအန်ဆန်းရဲ့ One Championship ကစားသမားဘဝဖြတ်သန်းမှု ၁၀ နှစ်ပြည့်အထိမ်းအမှတ်ဖြစ်နေလို့ပါပဲ။

အောင်လအန်ဆန်းနဲ့ အာဒိုဂန်တို့ဟာ ဒီပွဲကို မစ်ဒယ်လ်ဝိတ်တန်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားမှာပါ။

အောင်လအန်ဆန်းဟာ နိုင်ပွဲနဲ့အတူ ပရိသတ်တွေရဲ့ရှေ့မှောက်ဆီကိုရောက်ရှိလာလေမလားဆိုတာကတော့ စောင့်ကြည့်ချင်စရာပါပဲ။