BREAKING
November 3, 2025

လီဗာပူးတိုက်စစ်မှူးဂျိုတာနဲ့ သူ့ ညီတို့ရဲ့ ဈာပနကို မွေးရပ်မှာ ဇူလိုင် ၅ ရက်နေ့လုပ်မယ်

July 4, 2025

မနေ့က ယာဉ်မတော်တဆမှုနဲ့ ကွယ်လွန်သွားခဲ့တဲ့ လီဗာပူးတိုက်စစ်မှူး ဒိုင်အိုဂို ဂျိုတာနဲ့ သူ့ရဲ့ညီဖြစ်သူ အန်ဒရေ ဆေးလ်ဗားရဲ့ ဈာပနအခမ်းအနားကို ပေါ်တူဂီနိုင်ငံမှာ လုပ်သွားမယ်လို့ Marca က ဖော်ပြထားပါတယ်။

သူတို့ညီအစ်ကိုနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို သူတို့ကြီးပြင်းခဲ့ရာဖြစ်တဲ့ ဂွန်ဒိုးမာမြို့ဆီကို ပြန်လည်သယ်ဆောင်လာခဲ့ပြီဖြစ်ပြီး ဒီနေ့ (ဇူလိုင်လ ၄ ရက်) နေ့လယ်ပိုင်းမှာ ဝမ်းနည်းခြင်း အခမ်းအနားတစ်ခု ပြုလုပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။ မနက်ဖြန် ဇူလိုင်လ ၅ ရက်နေ့ မနက်ပိုင်းမှာတော့ ဈာပနအခမ်းအနားကို ကျင်းပသွားမှာ ဖြစ်ပါတယ်။

သူတို့ရဲ့ ရုပ်အလောင်းတွေကို ယာဉ်ထဲမှာတွေ့ရှိရတဲ့ စာရွက်စာတမ်းတွေကနေတစ်ဆင့် အတည်ပြုနိုင်ခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အစောပိုင်းမှာတော့ ရုပ်အလောင်းတွေကို မှုခင်းဆေးဘက်ဆိုင်ရာတက္ကသိုလ်ဆီကို သယ်ဆောင်သွားခဲ့ပြီး အဲ့ဒီနေရာမှာ ဂျိုတာရဲ့ ဇနီးဖြစ်သူ ရူတီ လည်း ရှိနေခဲ့ပါတယ်။

ရူတီ ဟာ လတ်တလောမှာတော့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုရနိုင်ဖို့အတွက် အကူအညီတွေ ရယူနေရဆဲပဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက အသိပေးထားပါတယ်။

Source – Marca