BREAKING
November 3, 2025

ဂျိုတာ ဝတ်ဆင်တဲ့ ကျောနံပါတ် ၂၀ ကို လီဗာပူးအသင်း အနားပေးပြီ

July 4, 2025

လီဗာပူးလ်အသင်းဟာ မနေ့က ကွယ်လွန်သွားခဲ့တဲ့ သူတို့ရဲ့ကစားသမား ဒိုင်အိုဂို ဂျိုတာ (Diogo Jota) ရဲ့ ကျောနံပါတ်ဖြစ်တဲ့ ကျောနံပါတ် ၂၀ ကို အနားပေးလိုက်ပြီလို့ တရားဝင်ကြေညာလိုက်ပါတယ်။

ဒါဟာ လီဗာပူးအသင်းရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ ကစားသမားတစ်ဦးရဲ့ ဂျာစီနံပါတ်ကို အခုလိုအနားပေးလိုက်တာပဲ ဖြစ်ပါတယ်။

ဂျိုတာဟာ စပိန်နိုင်ငံမှာ ယာဉ်မတော်တဆမှုတစ်ခုနဲ့ ကွယ်လွန်သွားခဲ့ပြီး သူဟာ ၂၀၂၄-၂၅ ရာသီတုန်းက လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရရှိတာ အပါအဝင် အသင်းရဲ့ အောင်မြင်မှုတွေမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူဖြစ်ပါတယ်။

လီဗာပူးအသင်းဘက်က ဂျိုတာရဲ့ကျောနံပါတ် ၂၀ ကို အနားပေးပြီးတော့ အသင်းအပေါ် ဂျိုတာ စွမ်းဆောင်ပေးခဲ့တာတွေကို ထာဝရဂုဏ်ပြုသွားမယ်လို့ ဆိုပါတယ်။

Source : Liverpool Official Website