BREAKING
December 3, 2025

ထိုင်းတွင် မွန်းလွဲချိန် အရက်ရောင်းချခွင့်ပြု

December 3, 2025

ထိုင်းနိုင်ငံတွင် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီကြား အရက်ရောင်းချခွင့်ကို ဆယ်စုနှစ်ချီ ပိတ်ပင်ထားရာမှ ယနေ့ ဒီဇင်ဘာလ ၃ရက်တွင် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံအတွင်း အရက်ရောင်းချခွင့်ပြုချိန်ကို နံနက် ၁၁ နာရီမှ ည ၁၂ နာရီအထိ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထိုင်းတော်ဝင်အမိန့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

လာမည့် ပွဲတော်ကာလများအတွက် ခရီးသွားကဏ္ဍကို မြှင့်တင်နိုင်ရန် ရည်ရွယ်၍ အရက်ရောင်းချခွင့်ကို အချိန်ထပ်တိုးခွင့်ပြုခြင်းဖြစ်ကြောင်းဆိုသည်။

ထိုင်းနိုင်ငံတွင် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအတွင်း အရက်ရောင်းချမှုကို ၁၉၇၂ ခုနှစ်က စတင် ကန့်သတ်ပိတ်ပင်ထားသော ဥပ‌ဒေကို ပြင်ဆင်ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပြီး ထိုင်းတော်ဝင်အမိန့်ထုတ်ပြန်ပြီးသဖြင့် နိုင်ငံအတွင်း အကျုံးဝင်ပြီဖြစ်သည်။

အရက်ဆိုင်ထိုင် သောက်သုံးနေသူများအား သောက်သုံးခွင့်ပြုချိန်ကိုလည်း တစ်နာရီ ထပ်တိုးပေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခုခွင့်ပြုလိုက်သော ပြင်ဆင်ပြဋ္ဌာန်းချက်အတွက် စမ်းသပ်ရက် ၁၈၀ ရက် ခွင့်ပြုထားခြင်းဖြစ်ပြီး ပြည်သူများ၏ တုံ့ပြန်မှုနှင့် သက်ရောက်မှုများကို ပြန်လည်ဆန်းစစ်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ထို့ကြောင့် ယနေ့မှစ၍ အရက်သမားများက 7-Eleven ကဲ့သို့ စတိုးဆိုင်များတွင် မွန်းလွဲ ၂ နာရီမှ ၅ နာရီကြား အရက်ဝယ်ယူခွင့် ရရှိတော့မည်ဖြစ်သည်။

နံနက် ၄ နာရီအထိ အရက်ရောင်းချခွင့်ကိုမူ တိုးမြှင့်ရောင်းချခွင့် ၏ပေးနိုင်ရေး ဆွေးနွေးနေဆဲဖြစ်ပြီး အများပြည်သူများ ယာဉ်အန္တရာယ်အတွက် စဉ်းစားဆွေးနွေးနေရဆဲဖြစ်ကြောင်း ဆိုသည်။

Ref: The Nation Thailnad, Khaosod