BREAKING
October 18, 2025

စစ်ကောင်စီ တိုက်လေယာဉ်တစ်စင်း ပျောက်ဆုံး

July 3, 2025

ပုံစာ - စစ်ကောင်စီတပ်က တိုက်လေယာဉ်အချို့ (ပုံဟောင်း) Photo – Getty Images

စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေးလေယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းနေစဉ် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်ပြီး ဆက်သွယ်မှုပြတ်တောက်နေကြောင်း စစ်ကောင်စီက ယနေ့ ဇူလိုင်လ ၃ရက်တွင် သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၁ရက် ညပိုင်းတွင် ခရီးဝေးလေ့ကျင့်ရေးပျံသန်းစဉ် နေပြည်တော်၏ အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာ အကွာတွင် ရုတ်တရက် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ကနဦးစစ်ဆေးချက်အရ စက်ချွတ်ယွင်းမှု (သို့မဟုတ်) ရုတ်တရက် ရာသီဥတုဆိုးရွားမှုကြောင့် ဖြစ်နိုင်ကြောင်း စစ်ကောင်စီက ဆိုသည်။

ရာသီဥတုဆိုးရွားနေသော်လည်း လေယာဉ်ဆက်သွယ်မှုပြတ်တောက်ရာ နေရာတစ်ဝိုက်ကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ရန် လုပ်ဆောင်နေကြောင်းလည်း ဖော်ပြသည်။

ယခုဇွန်လ ၁၀ရက်ကလည်း စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ တော်လှန်ရေးအဖွဲ့များကမူ ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်တွင် တပ်မတော်နေ့မကျင်းပမီတစ်ရက်အလို မတ်လ ၂၆ ရက်တွင် စစ်ကောင်စီတပ်က လေ့ကျင့်ပျံသန်းရေး ရဟတ်ယာဉ်တစ်စင်း စက်ချို့ယွင်းကာ ပျက်ကျခဲ့ပြီး ဖေဖော်ဝါရီလကုန်ပိုင်းကလည်း မကွေးတိုင်း စလင်းမြို့နယ်တွင် တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့သေးသည်။