Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်မြို့နယ် ရှင်မုတ္ထီးရွာနားမှာ စစ်အာဏာရှင်တပ်က တပ်ဖြန့်နေရာယူထားပြီး လူငယ်ငါးဦးကို ဖမ်းဆီးစစ်ဆေးခဲ့တဲ့အကြောင်း
- စေတနာ့ဝန်ထမ်းအဖမ်းခံရပြီးနောက် ရင်ခုန်သံ သွေးအလှူရှင်နှင့် လူနာတင်ယာဉ်အသင်း ကူညီတာတွေ ရပ်နားလိုက်တာ
- ရေဖြူမြို့နယ် ဘဝါချောင်း ငါးခိုအိုင်မှာ မိုင်းခွဲဖမ်းဆီးမှုတွေကြောင့် ငါးရှားပါးလာနေတဲ့အခြေအနေ
- လက်နက်ကိုင်အချို့ဖမ်းသွားတဲ့ မြိတ် တပ်တောင်ရွာသား သုံးရက်ကြာတဲ့ အထိ မိသားစုနဲ့ အဆက်အသွယ်မရသေးတဲ့အကြောင်း
- လောင်းလုံးမြို့နယ်က ကျေးရွာအချို့မှာ ဝက်တွေသေဆုံးနေပြီး ဝက်သေတွေကို ဈေးပေါပေါနဲ့ရောင်းချနေတာ
- မြန်မာဘက်ကပစ်ခတ်တဲ့ ကျည်ဆန်ထိမှန်လို့ ထိုင်းဘက်ခြမ်းက အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားတဲ့အခြေအနေ
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။






