BREAKING
November 1, 2025

ဂရင်းစ်ဘီတောင်းကို ရှုံးခဲ့ရတဲ့ပွဲအတွက် မန်ယူ အယူခံတက်

September 2, 2025

မန်ယူအသင်းဟာ ခရာဘောင်းဖလား ဒုတိယအဆင့်မှာ ဂရင်းစ်ဘီတောင်းကို ရှုံးခဲ့ရတာအတွက် အယူခံတက်လိုက်ပြီဖြစ်ပါတယ်။

ဂရင်းစ်ဘီတောင်းအသင်းဘက်က ပြိုင်ပွဲကစားဖို့ စံချိန်စံညွှန်း မပြည့်မီတဲ့ ကစားသမားတစ်ယောက်ကို အသုံးပြုခဲ့လို့ မန်ယူဘက်က အယူခံဝင်ဖို့ ဆုံးဖြတ်ချက်ချလိုက်တာလို့ ဆိုပါတယ်။

ဂရင်းစ်ဘီတောင်းဟာ သူတို့ကစားသမား ကလာ့ခ် အိုဒူအော် ကို ပွဲကစားရမယ့်နေ့ရဲ့သတ်မှတ်ထားချိန်ကို ကျော်လွန်ပြီးမှ မှတ်တမ်းတင်ခဲ့လို့ အဲ့ဒီအကြောင်းကို တိုင်ကြားအယူခံဝင်ဖို့ မန်ယူက ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ပွဲကစားရမယ့်နေ့မှာ နှစ်ဖက်အသင်းက ပွဲကစားမယ့်ကစားသမားစာရင်းကို ပွဲမကစားခင် မွန်းတည့် ၁၂ နာရီ နောက်ဆုံးထား မှတ်ပုံတင်ရပြီး ဂရင်းစ်ဘီတောင်းဘက်က အိုဒူအော် ကို မှတ်ပုံတင်ချိန်ဟာ တစ်မိနစ်နောက်ကျခဲ့လို့ အဲ့ဒီအချက်ကို မန်ယူက အယူခံတင်လိုက်တာဖြစ်ပါတယ်။

အိုဒူအော် ကို မှတ်ပုံတင်လိုက်တဲ့အချိန်မှာ ၁၂ နာရီ ၁ မိနစ်ဖြစ်နေလို့ အချိန်အားဖြင့် တစ်မိနစ်နောက်ကျတဲ့အတွက် ဂရင်းစ်ဘီတောင်းဟာ ပြိုင်ပွဲစည်းကမ်းသတ်မှတ်ချက်ကို ချိုးဖောက်ခဲ့သလို အဲ့ဒီကစားသမားကို ထည့်သွင်းအသုံးပြုခဲ့တာကြောင့် ပွဲရလဒ်ကို ပြန်လည်သုံးသပ်ပေးစေလိုကြောင်း မန်ယူက အယူခံတက်လိုက်တာဖြစ်ပါတယ်။

အိုဒူအော်ဟာ ပွဲချိန် ၇၃ မိနစ်အရောက်မှာ ဂျော့ချ်မက်အက်ခရန်နေရာဆီ လူစားဝင်ကစားခဲ့ပြီး အဲ့ဒီအချိန်မှာ ဂရင်းစ်ဘီတောင်းအသင်းက ပွဲကို နှစ်ဂိုးအသာနဲ့ ဦးဆောင်နေခဲ့ပါတယ်။

အိုဒူအော် ဟာ ပယ်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ဂရင်းစ်ဘီတောင်းဘက်က တစ်ဦးတည်းသော ပင်နယ်တီလွဲချော်ခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီပွဲစဉ်မှာ ဂရင်းစ်ဘီတောင်းက မန်ယူကို ပင်နယ်တီအဆုံးအဖြတ် ၁၂ ဂိုး ၁၁ ဂိုးနဲ့ အနိုင်ရသွားပြီး မန်ယူဟာ ပြိုင်ပွဲကနေ ထွက်လိုက်ရပါတယ်။

မန်ယူဟာ အယူခံထဲမှာ ပြန်ကန်ပွဲ စီစဉ်ပေးတာထက် ဂရင်းစ်ဘီတောင်းကို စည်းမျဉ်းချိုးဖောက်မှုအတွက် အရေးယူတာ ဒါမှမဟုတ် ပြိုင်ပွဲကနေ ထုတ်ပယ်တာမျိုး လုပ်ပေးစေလိုကြောင်းလည်း ထည့်သွင်းဖော်ပြထားတယ်လို့ သိရှိရပါတယ်။