BREAKING
November 8, 2025

ဖွေထိုင်းပါတီက စစ်တပ်ပါတီများနှင့် ပူးပေါင်းခဲ့၍ ကတိအတိုင်း မစင်ဖြင့် ပစ်ပေါက်ခံ

September 2, 2023

ဖွေထိုင်းပါတီ (Pheu Thai) က စစ်တပ်ပါတီများနှင့် ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းခဲ့သည့်အတွက် ပါတီထောက်ခံသူတစ်ဦးက ကတိအတိုင်း ၎င်းခန္ဓာကိုယ်ကို မစင်များဖြင့် ပစ်ပေါက်ခံခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ပါတီထောက်ခံသူတစ်ဦးသည် ဖွေထိုင်းပါတီက စစ်တပ်ပါတီများနှင့် ပူးပေါင်းမိလျှင် ၎င်း၏ ခန္ဓာကိုယ်ကို မစင်ဖြင့် ပစ်ပေါက်ခံမည်ဖြစ်ကြောင်း ကတိပေးထားသည့်အတိုင်း ယနေ့ နေ့လယ်ပိုင်းတွင် မစင်များဖြင့် ပစ်ပေါက်ခံခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ်ကို ဘန်ကောက်မြို့ Mirror Art Gallery တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး Duangrit Bunnag အမည်ရှိ ပါတီထောက်ခံသူလည်းဖြစ် ဗိသုကာပညာရှင်လည်းဖြစ်သူသည် အကာအကွယ်ဝတ်စုံကို ဝတ်ဆင်ထားသည်ကို တွေ့ရှိရသည်။

ဖွေထိုင်းပါတီက စစ်တပ်ပါတီများနှင့် ပူးပေါင်းလိမ့်မည်မဟုတ်ဟု ၎င်းကိုယ်တိုင် လုံးဝ ယုံကြည်ခဲ့ကြောင်း၊ သို့သော်လည်း ယခုတွင် စစ်တပ်ပါတီများနှင့် ပူးပေါင်း၍ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းထားခဲ့ကြောင်း ပြောကြားခဲ့သည်။

မစင်များဖြင့် အပစ်ခံနေခဲ့သည့်အချိန်တွင် ဖွေထိုင်းပါတီထောက်ခံသော အနီရောင်အင်္ကျီ ဝတ်ဆင်ထားသူတစ်ဦးက ၎င်းကို ကာကွယ်ပေးရန် ကြိုးစားခဲ့သော်လည်း တွန်းထုတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ဖွေထိုင်းပါတီက ရွေးကောက်ပွဲကာလတွင် စစ်တပ်ပါတီများနှင့် လုံးဝ ပူးပေါင်းမည်မဟုတ်ကြောင်း ကတိပေးခဲ့သော်လည်း ချိုးဖောက်ကာ စစ်တပ်ပါတီများနှင့် ညွန့်ပေါင်းအစိုးရဖွဲ့စည်းခဲ့သည်။

ရွေးကောက်ပွဲကတိကို ချိုးဖျက်ခဲ့မိသဖြင့် ဖွေထိုင်း ပါတီခေါင်းဆောင်ဖြစ်သော Chonlanan Srikaew ကလည်း ပါတီခေါင်းဆောင်က နုတ်ထွက်ခဲ့သော်လည်း ကျန်းမာရေးဝန်ကြီးအဖြစ် လျာထားခံထားရသည်။

Ref: Khaosod English, The Nation Thailand, Thairath