BREAKING
October 18, 2025

တစ်ပတ်အတွင်း တနင်္သာရီသတင်းအစီအစဉ်

August 2, 2025

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ

  • သရက်ချောင်းမှာကုန်ကားနှစ်စီးဖမ်းဆီးခံရမှု ငွေကျပ်သိန်းတစ်ထောင်ပေးပြီးနောက် ပြန်လွတ်လာတဲ့သတင်း
  • ပလမြို့ကို စစ်ကောင်စီက နေ့စဉ်ရက်ဆက်ဗုံးကြဲပြီး လက်နက်ကြီးပစ်နေလို့ အရပ်သားဆယ်ချီ သေဆုံးနေတဲ့အကြောင်း
  • ထားဝယ်မှာ ကူရာမဲ သက်ကြီးရွယ်အိုတွေ ထောက်ပံ့သူမရှိမဖြစ်နေတဲ့ အခြေအနေ
  • ရေဖြူက ဇာဒီရွာမှာ မြေမြှုပ်မိုင်းကြောင့် လူနဲ့အိမ်မွေးတိရစ္ဆာန်တွေ မကြာခဏထိခိုက်နေတဲ့ သတင်းတွေအပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို နားဆင်ရမှာပါ။
  • ဒါ့အပြင် “စစ်အင်အားတိုးချဲ့ဖို့ ပြည်သူလူထုကို ခြင်းထဲက ကြက်တွေလို သဘောထားလာတဲ့ စစ်ကောင်စီ” အကြောင်း အထူးသတင်းဆောင်းပါးကိုလည်း ရှုစားရမှာဖြစ်ပါတယ်။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။