တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို တစ်ဖက်မှာတော့ စက်သုံးဆီဖြတ်တောက်တာတွေ လုပ်ဆောင်လာခဲ့ပါတယ်။
ထားဝယ်မြို့ပေါ်က စက်သုံးဆီတွေကို သရက်ချောင်း၊ ရေဖြူ၊ လောင်းလုံး၊ ထားဝယ်လေးမြို့နယ်က ကျေးရွာတွေကို သယ်ယူရောင်းချခွင့် စစ်ကောင်စီက ပိတ်ပင်လိုက်လို့ နယ်ဒေသခံအများအပြား စက်သုံးဆီအခက်အခဲနဲ့ ကြုံနေရပါတယ်။
လယ်ယာလုပ်ငန်းနဲ့ ဥယျာဉ်ခြံလုပ်ငန်းတွေကလည်း စက်သုံးဆီအခက်အခဲကြောင့် ဆက်လက်လုပ်ကိုင်ဖို့ခက်ခဲနေသလို၊ ဒေသခံတွေမှာလည်း သွားရေးလာရေး အခက်အခဲတွေ ရင်ဆိုင်နေကြရပါပြီ။