ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်တွင်
- ထီးထစခန်းသိမ်းတိုက်ပွဲအပြီး ထားဝယ်အရှေ့တောမှာ တိုက်ပွဲပြင်းထန်လာတဲ့အကြောင်း
- တိုက်ပွဲတွေကြောင့် ပြည်ထောင်စုကားလမ်း ပိတ်နေလို့ ရေကြောင်းကို အားပြုသုံးလာရတဲ့အခြေအနေနဲ့
- မွန်၊ ကရင်၊ ထားဝယ် တပ်ရင်း ခြောက်ခု စစ်ရေးမဟာမိတ်ဖွဲ့တဲ့ သတင်းအပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
- ဒါ့အပြင် ထားဝယ်လေယာဉ်ကွင်းကိုသုံးပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အလွန်အကျွံလုပ်ဆောင်လာတဲ့အကြောင်း အထူးသတင်းပေးပို့ချက်တွေကို တင်ဆက်ထားပါတယ်။
DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။
Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။