ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဧပြီလ ၂ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

April 2, 2026

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ထားဝယ်မှာ စက်သုံးဆီဝယ်ခွင့်ရဖို့ ဆိုင်ကယ် အပ်ခပေးပြီး ညလုံးပေါက်တန်းစီနေရတဲ့ အခြေအနေ
  • နေ့အပူချိန် မြင့်နေတဲ့ တနင်္သာရီတိုင်းမှာ မုတ်သုံအကြိုမိုး ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားတဲ့ အကြောင်း
  • ထားဝယ်အထူးစီးပွားရေးဇုန်ဒေသမှာ လျှပ်စစ်မီးပြန်ရတဲ့သတင်း
  • ဘန်ကောက်မှာ အသက် ၇ နှစ်အရွယ် မြန်မာကလေးသေဆုံးမှုနဲ့ပတ်သက်ပြီး မိခင်ကို ဖမ်းဝရမ်းထုတ်တဲ့ အကြောင်း
  • ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာခ တစ်ယူနစ် ၃,၈၀၀ ကျပ်အထိဖြစ်လာတဲ့ သတင်း

စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။