ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ငလျင် ၆ရက်မြောက်တွင် အမျိုးသားတစ်ဦးကို အသက်ရှင်လျက်ကယ်ထုတ်၊ ရှာဖွေရာတွင် တူရကီအဖွဲ့ပါဝင်

April 2, 2025

ပုံစာ - ဟိုတယ်အေးချမ်းသာတွင် ပိတ်မိနေသူကို အသက်ရှင်လျက် ကယ်ထုတ်နေစဉ်။ Photos - Myanmar Fire Services Department

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဟိုတယ်အေးချမ်းသာ အဆောက်အအုံတွင် ပိတ်မိနေသည့် အမျိုးသားတစ်ဦးကို ယနေ့ ဧပြီလ ၂ရက်တွင် အသက်ရှင်လျက်ကယ်တင် နိုင်ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

ခြောက်ထပ်ရှိသည့် ဟိုတယ်အဆောက်အအုံတွင် အောက်ဆုံးနှစ်ထပ် ပြိုကျကာ လူနှစ်ဦးပိတ်မိနေခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းသို့ပိတ်မိနေသူများကို တူရကီနိုင်ငံမှ GEA Search and rescue အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေရာ အမျိုးသားတစ်ဦးကို ကယ်ဆယ်နိုင်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ကျန်တစ်ဦးကို ဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်း ဆိုသည်။

မန္တလေး Sky Villa အဆောက်အအုံတွင် ဧပြီလ ၁ရက် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် ရုပ်အလောင်း ၁၅ လောင်း ထပ်မံတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။