BREAKING
October 21, 2025

ပုလော ကုလားကျားပွဲနှင့် အိန္ဒိယ ပူလီ ကာလီပွဲ

April 2, 2023

ကုလားကျားပွဲကို ၁၉၂၁ ခုနှစ်တွင် ပုလောမြို့၌ စတင်ကပြခဲ့ကြသည်။ ပုလောတွင် ကပြသည့် ကျားအကမှာ မြိတ်မြို့မှ ဂေါ်ရင်ဂျီကုလားများကသည့် အကနှင့်ဆင်တူသဖြင့် မြိတ်မှတစ်ဆင့် ပုလောသို့ရောက်လာသည်ဟု ယူဆကြသည်။

ယင်းကုလားကျားအကမှာ ယခုအခါတွင် တနင်္သာရီ၊ ပုလောနှင့် မြိတ် ၃ မြို့တွင်သာ ဆက်လက်ကပြ ကြတော့သည်။

တနင်္သာရီတိုင်း၏ အဖိုးတန်လှသော ရိုးရာဓလေ့များနှင့် သမိုင်းအချက်အလက်များကို ဖော်ပြနေသည့် ‘ဓလေ့ သမိုင်း’ အစီအစဉ်ကို တင်ဆက်လိုက်ပါသည်။

တောင်ပိုင်းသားတို့၏ ရိုးရာဓလေ့နှင့် သမိုင်းများကို Dawei Watch ၏ YouTube တွင်လည်း တစ်စုတစ်စည်းတည်း ရှာဖွေကြည့်ရှုနိုင်ပါပြီ။