ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တပေါင်းလပြည့်နေ့ နံနက်ပိုင်း ဖြစ်သော်လည်း ထားဝယ်ဘုရားကြီးတွင် ဘုရားဖူးနည်းပါး

March 2, 2026

ဓာတ်ပုံ - Dawei Watch

ယနေ့(မတ်၂) တပေါင်းလပြည့်နေ့ မနက်ပိုင်းတွင် ထားဝယ်မြို့ ရွှေတောင်စားစေတီတော်နှင့် လောကမာရဇိန်ဘုရားကြီးတို့တွင် ဘုရားဖူးများ နည်းပါးနေသည်။

ဗုဒ္ဓပူဇနိယပွဲအနေဖြင့် ပဌာန်းပွဲနှင့် ညတရားပွဲသာ ကျင်းပပြုလုပ်နေသည်။

ကိုဗစ်မတိုင်မီကာလများကကဲ့သို့ ထားဝယ်ဘုရားကြီး၏ တပေါင်းပွဲတော်ကို မြို့လုံးကျွတ်သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ ၊ ထားဝယ်ရိုးရာအကများ၊ နိဗ္ဗာန်စျေးပွဲများဖြင့် စည်စည်ကားကား ပြန်လည် မကျင်းပနိုင်သည်မှာ ၆ နှစ်ရှိပြီဖြစ်သည်။

ယခုနှစ် ကျင်းပသည့် ထားဝယ်ဘုရားကြီးဗုဒ္ဓပူဇနိယပွဲသည် ရွှေတောင်စားစေတီ၏ တည်ထားခြင်း ၁၆၃ နှစ်မြောက် နှင့် မင်းတုန်းမင်း ၏ ကောင်းမှုတော် လောကမာရဇိန်ကြေးသွန်းရုပ်ပွားတော် တည်ထားခြင်း နှစ် ၁၅၀ ပြည့် ဘုရားပွဲများဖြစ်သည်။