ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

Dawei Watch ရဲ့ ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ

March 2, 2024

အခုတစ်ပတ်မှာတော့ ပရီးမီးယားလိဂ်မှာ ပွဲကြီးပွဲကောင်းအဖြစ် မန်စီးတီးနဲ့ မန်ယူတို့ ထိပ်တိုက်တွေ့နေတဲ့ မန်ချက်စတာဒါဘီပွဲစဉ် ရှိနေပါတယ်။

အာဆင်နယ်နဲ့ လီဗာပူးတို့က ပွဲချောင်နေသလို ချယ်လ်ဆီးကလည်း အဝေးကွင်းဆီ သွားကစားရမှာဖြစ်သည့်တိုင် အမှားအယွင်း ကြီးကြီးမားမား မလုပ်ဘူးဆိုရင် ရလဒ်ကောင်းတစ်ခု ရရှိနိုင်မှာပါ။

ဒီတစ်ပတ် ယှဉ်ပြိုင်မယ့် ပရီးမီးယားလိဂ်ပွဲကောင်းတွေထဲက အသင်းကြီးတွေရဲ့ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။