ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီရန်အစိုးရက ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နှင်းလျှင် အမေရိကန်ဝင်ပါမည်ဟု ထရမ့်ပြော

January 2, 2026

ဓာတ်ပုံ - REUTERS

အီရန်အစိုးရအနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို ပစ်ခတ်သတ်ဖြတ်၍ အကြမ်းဖက်နှိမ်နင်းပါက ဆန္ဒပြသူများဘက်မှ အမေရိကန်က ဝင်ရောက်ကူညီသွားမည်ဟု သမ္မတဒေါ်နယ်ထရမ့်က ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြောကြားလိုက်သည်။

“ကျွန်ုပ်တို့က အသင့်အနေအထား ရှိနေပြီးသားပါ” ဟု ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

အီရန်နိုင်ငံတွင် စီးပွားရေးကျပ်တည်းမှုကြောင့် ဆန္ဒပြပွဲများ ဖြစ်ပွားနေပြီး ယင်းမှာ သုံးနှစ်တာအတွင်း နိုင်ငံ၌ အကြီးမားဆုံး ဆန္ဒပြပွဲများ ဖြစ်သည်။

ငွေကြေးတန်ဖိုး အဆမတန်ကျဆင်းမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို အစိုးရက ကိုင်တွယ်ပုံအပေါ် မကျေနပ်သဖြင့် အီရန်ဈေးဆိုင်ရှင်များက တနင်္ဂနွေနေ့တွင် စတင်ဆန္ဒပြခဲ့ကြသည်။

လက်ရှိတွင် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား ထိပ်တိုက်တွေ့ဆုံမှုများမှာ ပိုမိုပြင်းထန်လာပြီး နိုင်ငံအနှံ့ မငြိမ်သက်မှုများ မြင့်တက်လာနေသည်။

ကြမ်းတမ်းလာသော ဆန္ဒပြပွဲများမှာ ပြည်နယ်အသီးသီးသို့ ကူးစက်လာပြီးနောက် လူအများအပြား သေဆုံးမှုများ ရှိလာချိန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အဆိုပါ သတိပေးချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

သမ္မတထရမ့်၏ ပထမသက်တမ်းအတွင်း နိုင်ငံတကာ နျူကလီးယားသဘောတူညီချက်မှ အမေရိကန်က နုတ်ထွက်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်တွင် စီးပွားရေးပိတ်ဆို့မှုများ ပြန်လည်ချမှတ်ခဲ့သဖြင့် အီရန်စီးပွားရေးမှာ နှစ်ပေါင်းများစွာ ရုန်းကန်နေခဲ့ရခြင်း ဖြစ်သည်။

Source: Reuters