BREAKING
November 12, 2025

လောင်းလုံးရဲစခန်းအတွင်း ပစ်ခတ်မှုဖြစ်၊ စခန်းမှူးဒဏ်ရာရ

January 2, 2023

လောင်းလုံးမြို့မ ရဲစခန်းထဲတွင် မနေ့ (ဇန်နဝါရီ ၁) ညရှစ်နာရီခန့်က ပစ်ခတ်မှုဖြစ်ရာ မြို့မ ရဲစခန်းမှူး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ရဲတပ်ဖွဲဝင်တစ်ဦးနှင့် စစ်တပ်က( တပ်ကြပ်ကြီးအဆင့်) တစ်ဦးတို့ စကားများရန်ဖြစ်ပြီး သေနတ်ပစ်ခတ်ရာတွင် ဝင်ရောက်ဖျန်ဖြေရာမှ စခန်းမှူး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သေနတ်သံက သုံးချက်ပဲကြားရတယ်။ ရှစ်နာရီခွဲလောက်မှာ အရေးပေါ်ကား စခန်းဘက်ဝင်သွားတာလည်း တွေ့ရတယ်”ဟု ၎င်းကပြောသည်။

ပစ်ခတ်မှုကြောင့် စခန်းမှူးခြေထောက် ကျည်ဆန်ထိမှန်ခဲ့ပြီး ညတွင်းချင်း အရေးပေါ်ကားဖြင့် ထားဝယ်ဘက်သို့ တင်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။