ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ
- ထားဝယ်မြို့မှာ ကလေးတွေကို တောင်းရမ်းခိုင်းစေတာ ပိုများလာ
- ထားဝယ်အထူးစီးပွားရေးဇုန်ထဲ တိုက်ပွဲဖြစ်ပြီး စစ်အာဏာရှင်တပ်က နေအိမ်တစ်ဆယ်ကျော်ကိုမီးရှို့
- ပြည်ထောင်စုလမ်းရှိ လဘရွာမှာတိုက်ပွဲဖြစ်ပြီး စစ်အာဏာရှင်တပ်က နေအိမ်တွေကို မီးရှို့
- ထိုင်း-မြန်မာနယ်စပ်လမ်းရှိ သိန်ခွန်းရွာကို တစ်ရက်အတွင်း လေကြောင်းကနှစ်ကြိမ်ဗုံးကြဲ
- ပုလောမြို့အဝင်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ စစ်အာဏာရှင်တပ်သားတစ်ဦး ပစ်သတ်ခံရ
- လောင်းလုံးမှာ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီး အဖမ်းခံရတဲ့စစ်ရှောင်သုံးဆယ်ကျော် ပြန်လွတ်
- စစ်အာဏာရှင်တပ်ပစ်တဲ့လက်နက်ကြီးကြောင့် ကလေးနှစ်ဦးအပါ ဒေသခံ ၇ ဦးဒဏ်ရာရတဲ့ သတင်းတွေ အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
- ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “အိမ်တံခါးဝ ရောက်လာတဲ့ မြေမြှုပ်မိုင်း” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။
DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။
Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။





