BREAKING
October 19, 2025

ကလိန်အောင် မရမ်းချောင်းရွာတွင် ခရီးသည်တင်ယာဉ်ငယ် ချောင်းထဲထိုးကျပြီး ငါးဦးဒဏ်ရာရ

October 1, 2025

ပုံစာ - မတော်တဆမှုကြောင့် မရမ်းချောင်းရွာလယ်ကွေ့အနီး ချောင်းထဲပြုတ်ကျနေသည့် ယာဉ်ကို အောက်တိုဘာလ ၁ရက် ညနေပိုင်းက တွေ့ရစဥ် ။ ဓာတ်ပုံ - CJ

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီး၊ မရမ်းချောင်းရွာအလယ် လမ်းကွေ့တွင် ခရီးသည်တင်ယာဥ် အငယ်တစ်စီး ယနေ့ အောက်တိုဘာလ ၁ရက် ညနေပိုင်းက ဘရိတ်ပေါက်ပြီး ချောင်းထဲထိုးကျကြောင်း ရွာသားများထံမှသိရသည်။

ရန်ကုန်ဘက်မှ ထားဝယ်ဘက်သို့ ဦးတည်မောင်းနှင်လာစဥ် ဘရိတ်ပေါက်၍ လမ်းဘေးထိုးကျကာ ချောင်းထဲ ပြုတ်ကျကြောင်း ၎င်းတို့က ဆိုသည်။

ယာဉ်သည် ချောင်းထဲတွင် ပက်လက်အနေအထားဖြင့် တိမ်းမှောက်နေကြောင်း မှတ်တမ်းဓာတ်ပုံ၌ တွေ့ရသည် ။

ယာဥ်ပေါ်တွင် ယာဥ်မောင်း အပါအဝင် ယာဉ်ပေါ်လိုက်ပါလာသူ ငါးဦး ဒဏ်ရာရကြောင်း ကူညီဆောင်ရွက်ပေးခဲ့သူများက ပြောဆိုသည်။

“အသက်ကြီးကြီး အဒေါ်ကြီးတစ်ယောက်ပဲ အထိများတယ်။ ခြေထောက်မှာထိတယ်။ ကားက ရေထဲကျတော့ ကားထဲ ရေဝင်တယ်။ လူကဇောက်ထိုးဖြစ်နေတော့ ရေနစ်သလိုတော့ ဖြစ်သွားတယ်။ ရွာထဲမှာ မို့လို့ပေါ့ ဘေးနားက အိမ်တွေ အတွေ့မြန်လို့ တော်သေးတယ်” ဟု ကူညီဆောင်ရွက်ပေးခဲ့သူတစ်ဦးက ပြောသည်။

ဒဏ်ရာရသူများကို ရွာသားများ၏ အကူအညီဖြင့် ကလိန်အောင်ဆေးရုံ ပို့ဆောင်ပေးခဲ့ကြောင်း မရမ်းချောင်း ရွာသားများ ထံမှ သိရသည် ။