ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘန်ကောက်တွင် လူ ၄၀ ကျော်ပါသည့်ကျောင်းကား မီးလောင်

October 1, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်တွင် ကျောင်းလေ့လာရေးခရီး ထွက်လာသော ဘတ်စ်ကားတစ်စီး ယနေ့ နေ့လယ်ပိုင်းတွင် မီးလောင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ပထုံဌာနီခရိုင် လမ်လုကာဒေသရှိ ရန်စစ်နယ်မြေတွင် ယနေ့ (အောက်တိုဘာ ၁) နေ့လယ် ၁၂ နာရီအချိန်ခန့်က မီးလောင်ခဲ့ခြင်းဖြစ်သည်။

ကားပေါ်တွင် ကျောင်းသား ၃၈ ဦးနှင့် ဆရာ ၆ ဦးအပါအဝင် ၄၀ ကျော် လိုက်ပါလာကြပြီး ဥထိုင်းဌာနီခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်းမှ လေ့လာရေးခရီး ထွက်လာကြခြင်းဖြစ်ကြောင်း သိရသည်။

ကားမီးလောင်မှုကြောင့် ဒဏ်ရာရရှိသူအရေအတွက် များပြားနေပြီး ၁၀ ဦးကျော် သေဆုံးကြောင်း ကနဦးသတင်းများအရ သိရသော်လည်း အတည်မပြုနိုင်သေးပေ။

Ref: Khaosod English, Thai Enquirer