BREAKING
November 18, 2025

ထိုင်းတွင် စက္ကူစက်ရုံမီးလောင်မှု သေဆုံးသူ ရှစ်ဦးအထိရှိလာ၊ နှစ်ဦး ပျောက်ဆုံးနေဆဲ

July 1, 2025

ထိုင်းနိုင်ငံ စာရာဘူရီခရိုင်ရှိ စက္ကူစက်ရုံမီးလောင်မှုကြောင့် ယနေ့ ဇူလိုင်လ ၁ရက် နေ့လယ်ပိုင်းအထိ သေဆုံးသူ အလုပ်သမား ရှိဦး ရှိလာပြီး နှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဇွန်လ ၃၀ ရက် နေ့လယ်ပိုင်းက နွန်းခေးဒေသ၊ ဟေမာရတ်စက်မှုဇုန်ထဲရှိ တစ်ရှူး-စက္ကူစက်ရုံ မြေညီထပ်မှစတင်ကာ မီးလောင်ကျွမ်းခဲ့သည်။

စက်ရုံမီးလောင်မှုကြောင့် ဒဏ်ရာရရှိသူ ၂၆ ဦးအထိ ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

မီးလောင်မှုကြောင့် သေဆုံးနှင့် ပျောက်ဆုံးနေသူများ၏ ကိုယ်ရေးအချက်အလက်များကို မသိရသေးကြောင်း ဆိုသည်။

လက်ရှိတွင် သေဆုံးသူများကို မိသားစုဝင်များနှင့် DNA တိုက်ဆိုင်စစ်ဆေးပြီးမှသာ အချက်အလက်များကို ဖော်ပြနိုင်မည်ဖြစ်ကြောင်း ဖော်ပြသည်။

မီးလောင်မှုကို ညနေ ၇ နာရီတွင် ထိန်းချုပ်ထားနိုင်ခဲ့ပြီး ပျောက်ဆုံးနေသူနှစ်ဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ဆိုသည်။

စက်ရုံထဲ မီးလောင်သောအချိန်သည် နံနက်ပိုင်း အလုပ်ချိန်ဖြစ်ပြီး အလုပ်သမား တစ်ရာကျော် အလုပ်လုပ်နေချိန်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

မီးလောင်ချိန် အလုပ်သမားအများစု ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သော်လည်း စက်ရုံ၏ ဒုတိယအထပ်နှင့် တတိယအထပ်က ရုံးအလုပ်သမားအများစု ပိတ်မိခဲ့ကြပြီး သေဆုံး၊ ဒဏ်ရာရခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မီးလောင်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူများကို စက်ရုံဘက်က တောင်းပန်ထားပြီး နစ်နာကြေး ပေးဆောင်မည်ဟု ပြောဆိုထားကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: Bangkok Post, Thai PBS, Thairath