BREAKING
October 25, 2025

၅၀၅(က)ဖြင့် တရားစွဲခံရသူ ၇ ဉီး မြိတ်အကျဉ်းထောင်မှ ပြန်လွတ်

July 1, 2021

မြိတ်အကျဉ်းထောင်မှ ၅၀၅(က)ဖြင့် တရားစွဲခြင်း ခံထားရသူ ၇ ဉီး ဇွန်လ ၃၀ ရက်နေ့ ညနေကပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

လွတ်မြောက်လာသူများမှာ အမျိုးသား ၃ ဉီးနှင့်အမျိုးသမီး ၄ ဉီးတို့ ဖြစ်ကြပြီး ယင်းတို့အနက် တနင်္သာရီမြို့မှ ၁ ဉီး၊ မောတောင်မြို့မှ ၁ ဉီးနှင့် ပုလောမြို့မှ တစ်ဉီးပါဝင်ကြောင်း သိရှိရသည်။

မြိတ်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသူများအထဲတွင် NLD ပါတီဝင်များ၊ တက်ကြွလှုပ်ရှားသူများ၊ CDM ဝန်ထမ်းများ၊ သတင်းထောက်နှင့် ကဗျာဆရာများ မပါဝင်ကြောင်း သိရှိရသည်။

စစ်ကောင်စီအဖွဲ့မှ အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသား ၂၃၄၂ ဉီးကို ဇွန်လ ၃၀ ရက်နေ့တွင် ပြန်လည်လွတ်ပေးခဲ့သည်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်း သေဆုံးသူ ၈၈၃ ဉီး အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၆၄၂၁ ရှိသည်ဟု နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားသည်။