BREAKING
October 17, 2025

“ဒီမြင်ကွင်းကို ကျွန်တော့်ဇနီး မြင်စေချင်မိတယ်”လို့ ပြောလိုက်တဲ့ ပီအက်စ်ဂျီ လက်ထောက်နည်းပြ ရာဖေးလ်ပိုးလ်

June 1, 2025

ပီအက်စ်ဂျီက အင်တာမီလန်ကို အနိုင်ရရှိကာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးလိုက်ပြီးတဲ့နောက် ပီအက်စ်ဂျီလက်ထောက်နည်းပြ ရာဖေးလ်ပိုးလ်က “ဒီမြင်ကွင်းကို ကျွန်တော့်ရဲ့ဇနီးသည် မြင်စေချင်မိပါတယ်”လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ အင်တာမီလန်ကို ၅ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလားကြီးကို ဆွတ်ခူးသွားခဲ့တာပါ။

ပီအက်စ်ဂျီ ဟာ အသင်းသမိုင်းကြောင်းတလျှောက် ချန်ပီယံလိဂ်ဆုဖလားကြီးကို ပထမဆုံးအကြိမ် ဆွတ်ခူးရရှိတာဖြစ်ပြီး ဒီရာသီမှာ ဖလား ၃ လုံးချန်ပီယံအဖြစ်လည်း အောင်ပွဲခံခွင့် ရရှိသွားခဲ့ပါတယ်။

ပီအက်စ်ဂျီလက်ထောက်နည်းပြ ရာဖေးလ်ပိုးလ် ဟာ ချန်ပီယံလိဂ်ဆုဖလားကြီးကို အသင်းဆွတ်ခူးနိုင်ခဲ့ပြီးမှာ မျက်ရည်တွေ ဝေ့ဝဲလာခဲ့ပြီး ကောင်းကင်ထက်ဆီကို မော့ကြည့်ကာ အောင်ပွဲခံခဲ့ပါတယ်။

သူဟာ ကွယ်လွန်သွားခဲ့တဲ့ သူ့ဇနီးကို လွမ်းဆွတ်တမ်းတပြီး သတိရစိတ်နဲ့အတူ မျက်ရည်တွေ ဝေ့ဝဲလာခဲ့တာဖြစ်တယ်လို့ ရာဖေးလ်ပိုးလ်က ပြောပြသွားခဲ့ပါတယ်။

ရာဖေးလ်ပိုးလ်ရဲ့ဇနီးဖြစ်သူဟာ ကာလရှည်ကြာခံစားခဲ့ရတဲ့ ၉၆ ပါး ရောဂါဝေဒနာတစ်ရပ်ကြောင့် ပြီးခဲ့တဲ့ခြောက်လလောက်မှာ ကွယ်လွန်သွားခဲ့တာပါ။

“ဒီအချိန်မှာ ကျွန်တော့်ဇနီးကို ကျွန်တော့်နံဘေးနားဆီ အရမ်းပဲ ရှိနေစေချင်ပါတယ်။ ကျွန်တော်တို့ လုပ်ပြနိုင်ခဲ့ပြီဆိုတာကို သူ မြင်သွားစေချင်တာပါ။ သူရှိနေခဲ့ရင် အရမ်းပဲ ပျော်နေလိမ့်မယ်ဆိုတာကို ကျွန်တော် သိပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့အကြီးမားဆုံးမျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့အတွက် ကျွန်တော် အရမ်းပဲ ကျေနပ်မိပါတယ်။ ဒါဟာ သမိုင်းမှတ်တမ်းတစ်ခု ဖြစ်သွားပါပြီ”လို့ ရာဖေးလ်ပိုးလ်က ပြောသွားခဲ့ပါတယ်။

Source – ESPN UK