ယနေ့ ဧပြီလ ၁ ရက် မွန်းတည့် ၁ နာရီနှင့် ၁၂ မိနစ်တွင် နေပြည်တော်တွင် အင်းအားအနည်းငယ်ရှိ ငလျင်တစ်ကြိမ် လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
နေပြည်တော်၊ ပုဗ္ဗသီရီမြို့နယ်၏ မြောက်-အရှေ့မြောက်ဘက် (၅) မိုင်ခန့်အကွာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ယင်းငလျင်သည် ရစ်(ခ်)တာစကေး ၄ ဒသမ ၉ အဆင့်ရှိပြီး အင်အားအနည်းငယ် ရှိကြောင်း ဆိုသည်။
မတ်လ ၂၈ ရက်တွင် အင်အားအလွန်ပြင်းထန်သည့် ရစ်(ခ်)တာစကေး ၇ဒသမ ၇ ရှိ ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်များ ယနေ့အချိန်အထိ လှုပ်ခတ်နေဆဲဖြစ်သည်။
မတ်လ ၂၈ ရက်မှ ဧပြီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အထိ နောက်ဆက်တွဲငလျင် ၅၂ ကြိမ် အထိ လှုပ်ခတ်ခဲ့ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရသိရသည်။