ငလျင်ကြောင့် မန္တလေး အိုးဘိုအကျဉ်းထောင်ပြိုကျမှုတွင် သေဆုံးသူ ၁၂ ဦးရှိခဲ့ပြီး ဒဏ်ရာရသူ ၁၁ ဦးခန့် ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ယနေ့ထုတ်ပြန်သည်။
အိုးဘိုအကျဉ်းထောင်ရှိ အမျိုးသားအဆောင်၊ အလုပ်ရုံနှင့် အမျိုးသမီးအဆောင် ၁၊ ၂ တို့ ငလျင်ကြောင့် ပြိုကျခဲ့ကြောင်း သိရသည်။
ယင်းအဆောင်ပြိုကျမှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး၊ ကျား၊ မ မခွဲခြားနိုင်သေးသူ တစ်ဦး စုစုပေါင်းလေးဦးသေဆုံးခဲ့သည်ကို အတည်ပြုထားနိုင်ပြီး ကျန်သေးဆုံးသူ ၈ ဦး၏ အချက်အလက်များကိုမူ အတည်ပြုနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဒဏ်ရာရသူများမှာ အမျိုးသားတစ်ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၁ ဦးရှိကြောင်း၊ ယင်းသေဆုံးသူများထဲတွင် အကျဉ်းသား၊ ထောင်ဝန်ထမ်း စသည်ဖြင့် ခွဲခြားနိုင်ခြင်းမရှိသေးကြောင်းလည်း သိရသည်။
မန္တလေးအိုးဘိုအကျဉ်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၀၀၀ မှ ၅၀၀၀ ကြားရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံမှသိရသည်။