ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘန်ကောက် ပြိုကျအဆောက်အအုံထဲ ပိတ်မိနေသော ကြောင်ကို K9 ခွေးက ကယ်တင်

April 1, 2025

ဘန်ကောက်တွင် ငလျင်ကြောင့် ပြိုကျသွားသော အဆောက်အအုံထဲက ကြောင်တစ်ကောင်ကို K9 ခွေးက တွေ့ရှိသဖြင့် အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ပြိုကျပြီး ၃ ရက်အကြာ မတ်လ ၃၁ ရက်နေ့တွင် ကြောင်အနက်ကလေးတစ်ကောင်ကို အပျက်အစီးများအောက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကယ်ဆယ်ရေးအဖွဲ့များက ကြောင်ကို အစာများဖြင့် ဆွဲခေါ်၍ လှောင်အိမ်ထဲ ထည့်ကာ ကယ်တင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

တိရိစ္ဆာန်ဆရာဝန်များက ကြောင်ကို ကျန်းမာရေး စစ်ဆေးပေးခဲ့ပြီး လမ်းဘေးကြောင်းများ ထားရှိရာ ချင်းမိုင်ရှိ Cat Kingdom သို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

လက်ရှိတွင် ပြိုကျအဆောက်အအုံထဲက အလုပ်သမား ၉ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီး‌ သေဆုံးသူ ၁၃ ဦးရှိကာ ၇၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

Ref: Khaosod English, Daily News