ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မန္တလေးတွင် လူ လေးရာကျော်ကို အသက်ရှင်လျက်ကယ်ထုတ်၊ ၂၆၀ နီးပါး သေဆုံး

April 1, 2025

ပုံစာ - မန္တလေးတွင် အဆောက်အအုံများအတွင်း ပိတ်မိသူများကို ရှာဖွေကယ်ဆယ်မှုမြင်ကွင်းများ Photos - Myanmar Fire Services Department

ငလျပ်လှုပ်ပြီး ၄ရက်မြောက်ဖြစ်သည့် မတ်လ ၃၁ ရက်အထိ မန္တလေးတွင် လူ ၄၀၃ ဦးကို အသက်ရှင်လျက် ကယ်ထုတ်ထားနိုင်ပြီး ၂၅၉ ဦး၏ ရုပ်အလောင်းများကို သယ်ထုတ်ထားနိုင်ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းတွင် ပြိုကျပျက်စီးသည့် အဆောက်အအုံများတွင် ပိတ်မိနေသူများကို မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ တရုတ်၊ ရုရှား၊ အိန္ဒိယ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းရှာဖွေရာ မတ်လ ၃၁ရက်တွင် အမျိုးသမီးငါးဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

သေဆုံးသူ အမျိုးသား ၁၆ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၂၅ ဦး၏ ရုပ်အလောင်းများကိုလည်း ထုတ်ယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် သေဆုံးသူ ၂၀၅၆ ဦး၊ ဒဏ်ရာရရှိသူ ၃၉၀၀ ကျော်နှင့် ပျောက်ဆုံးနေသူ ၂၇၀ ခန့်ရှိကြောင်း စစ်ကောင်စီက မတ်လ ၃၁ ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။