တနင်္သာရီတိုင်းထဲမှာ ဖေဖော်ဝါရီလ ၂၃ ရက်ကနေမတ်လ ၁ ရက်နေ့အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ဒီအပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့-တနင်္သာရီမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးနှစ်ဦးအပါအဝင် ဒေသခံငါးဦးဒဏ်ရာရသွားတဲ့အကြောင်း
- အဓမ္မစစ်မှုထမ်း စုဆောင်းနေချိန် မြန်မာ ၂၀၀ ကို ထိုင်းက စစ်ကောင်စီဆီ ပြန်ပို့တဲ့အကြောင်း
- ထားဝယ်အထူးစီးပွားရေးဇုန် ဖြစ်လာမှာကိုမကြိုက်ရင် ထားဝယ်သားမဟုတ်ဘူးလို့ စစ်ကောင်စီခန့် ဝန်ကြီးချုပ်ပြောတဲ့သတင်း
- တနင်္သာရီ သိန်ခွန်းရွာဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတဲ့အခြေအနေ
- တနင်္သာရီက စစ်ရှောင်တွေ အရေပြား၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ နဲ့ ဝမ်းရောဂါဖြစ်နေတဲ့သတင်း
- ထားဝယ်မှာ စစ်ကောင်စီက အိမ်ထောင်စုစာရင်းတွေ စစ်ဆေးနေလို့ မြို့နေသူတွေစိုးရိမ်နေတဲ့အကြောင်း
- ထားဝယ်မှာ အိမ်ထောင်စုစာရင်းလုပ်သူများလာပြီး ပွဲခ ကျပ်သိန်းချီ ဈေးပေါက်နေတဲ့သတင်း
- ရိုဟင်ဂျာတစ်ရာကျော်ကို ထောင်ဒဏ် ၂ နှစ်ချပြီး ကော့သောင်းထောင်ပို့လိုက်တဲ့အကြောင်း
- မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမှာ စစ်ဆေးရေးဂိတ်နှစ်ဆတိုးပြီး ငွေတောင်းကြမ်းနေတဲ့သတင်းတွေကို တင်ဆက်ထားပါတယ်။