Tag: #ထိုင်း
တိုင်းအတွင်းသုံးနေသည့် ရသေ့ဆေး အသက်အန္တရာယ်ရှိကြောင်း ထိုင်းထုတ်ပြန်
တနင်္သာရီတိုင်းအတွင်း အသုံးပြုနေကြသည့် ထိုင်းနိုင်ငံထုတ် ရသေ့ဆေးရည်တွင် အသက်အန္တရာယ် ဖြစ်စေသည့် စတီးရွိုက်ဆေးပြားများပါဝင်ကြောင်း ထိုင်းနိုင်ငံ စားသုံးသူရေးရာဦးစီးဌာနက ယနေ့ထုတ်ပြန် လိုက်သည်။
အဆိုပါ ရသေ့ဆေးရည်တွင် ကျောက်ကပ်လျင်မြန်စွာပျက်စီးစေသည့် စတီးရွိုင်ဆေးပြားနှင့် ရောင်ရမ်းမူကို သက်သာစေသည့်ဆေးပြားများ၊ အကိုက်အခဲပျောက်ဆေးများကို အလွန်အကျွံအသုံးပြုထားကြောင်း...
ထိုင်း တည်းခိုခန်းတစ်ခုတွင် အဖမ်းခံရသည့် မြန်မာ ၄၀ကျော်အနက် ကိုးဦးတွင် ကိုဗစ်တွေ့
ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ တည်းခိုခန်းတစ်ခုတွင် ဖမ်းမိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၅ ဦးအနက် ကိုးဦးတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း ထိုင်းရေတပ်က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာပြီး တည်းခိုခန်းတစ်ခုတွင် တည်းခိုနေစဉ် မတ်လ...
ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၃၀ နီးပါးကို ကော့သောင်းသို့ ပြန်လွှဲ
ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ပြီဖြစ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၂၉ ဦးကို မတ်လ ၁ရက်နေ့က ကော့သောင်းဘက်သို့ လွှဲပြောင်းပေးကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ထံမှ သိရသည်။
ထိုင်းနိုင်ငံ အခြေစိုက် FED...
ထိုင်းသို့ တရားမဝင် ဝင်သဖြင့် ယခုလအတွင်း မြန်မာလုပ်သား ၁၇၀၀ ကျော် ဖမ်းဆီးခံရ
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သဖြင့် ဖေဖော်ဝါရီ တစ်လအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၀၀ ကျော် ဖမ်းမိကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၁၇၃၅...
ထိုင်းတွင် လေးရက်အတွင်း မြန်မာလုပ်သား တစ်ထောင်ကျော် အဖမ်းခံရ
တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်တစ်ဘက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်နှင့် ကန်ချနပူရီ ခရိုင်တို့တွင် တရားမဝင် ဝင်ရောက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော် ဖမ်းမိကြောင်း ထိုင်းတပ်မတော်၊ ပြည်သူ့ ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့မှ...
ထိုင်းသို့ တရားမဝင် ဝင်သည့် မြန်မာလုပ်သား အဖွဲ့နှစ်ဖွဲ့ အဖမ်းခံရ
ကော့သောင်း-ရနောင်းနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားအဖွဲ့ နှစ်ဖွဲ့နှင့် လူကုန်ကူးသည့် ထိုင်းနိုင်ငံသား သုံးဦးတို့ကို ဖမ်းမိကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဖွဲ့နှစ်ခုစလုံးကို ဇန်နဝါရီလ ၃၀ ရက်နေ့ညဘက်တွင် ဖမ်းမိခြင်းဖြစ်ကြောင်း...
ထိုင်းသို့ တရားမဝင် ဝင်သဖြင့် ယခုလအတွင်း ဖမ်းဆီးခံရသည့် မြန်မာလုပ်သား တစ်ထောင်ကျော်ရှိပြီ
တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်တစ်ဘက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် တရားမဝင် ဝင်ရောက်သဖြင့် ယခုဇန်နဝါရီလအတွင်း ဖမ်းမိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော် ရှိပြီဖြစ်ကြောင်း ထိုင်းတပ်မတော်က သတင်းထုတ်ပြန်ထားသည်။
ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ မြန်မာရွှေ့ပြောင်း...
ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီး ပြန်လာသူလေးဦးနှင့် ငါးဖမ်းလှေသားတစ်ဦးတွင် ကိုဗစ်ပိုးတွေ့
ထိုင်းနိုင်ငံတွင် ထောင်ဒဏ်ကျခံပြီး ပြန်လွှဲခံရသူ လေးဦးနှင့် လှေမြုပ်ရာမှ ကယ်ဆယ်ထားသည့် ငါးဖမ်းလှေလုပ်သားတစ်ဦးတို့တွင် ကိုဗစ်ပိုးတွေ့ရကြောင်း ၎င်းတို့အား ကူညီလုပ်ဆောင်ပေးနေသည့် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။
အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ချခံခဲ့ရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၄၆ ဦးကို ဒီဇင်ဘာလ ၂၇...
မြန်မာများကို ထိုင်းသို့ တရားမဝင်ပို့သည့် လူမှောင်ခိုသမား သုံးဦးကို ဖမ်းမိ
တနင်္သာရီမြို့နယ် မောတောင်နယ်စပ်တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့က လူမှောင်ခိုပို့သည့် မြန်မာတစ်ဦးနှင့် ထိုင်းနှစ်ဦးတို့ကို ဖော်ထုတ်ဖမ်းဆီးလိုက်ကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများကို လူမှောင်ခိုပို့သဖြင့် အသက် ၃၂...
ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီးသူ မြန်မာနှစ်ရာကျော်ကို ကော့သောင်းသို့ ပြန်လွှဲ၊ ဖျားနာသူ ငါးဦးပါ
ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ နှစ်ရာကျော်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့က ကော့သောင်းမြို့သို့ လွှဲပေးလိုက်ပြီး ယင်းအနက် ဖျားနာသူ ငါးဦးပါဝင်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)ထံမှ သိရသည်။
ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ပြီဖြစ်သည့်...