ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီးသူ မြန်မာနှစ်ရာကျော်ကို ကော့သောင်းသို့ ပြန်လွှဲ၊ ဖျားနာသူ ငါးဦးပါ

0
195
ပုံစာ - ဒီဇင်ဘာလ ၂၇ ရက်နေ့က ကော့သောင်းမြို့သို့ ပြန်လွှဲပေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ /Photo -FED

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ နှစ်ရာကျော်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့က ကော့သောင်းမြို့သို့ လွှဲပေးလိုက်ပြီး ယင်းအနက် ဖျားနာသူ ငါးဦးပါဝင်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)ထံမှ သိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ပြီဖြစ်သည့် မြန်မာရွှေ့‌‌ပြောင်းအလုပ်သမား ၂၄၆ ဦးကို ထိုင်းအစိုးရက မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးခြင်းဖြစ်သည်။

ယင်း ၂၄၆ ဦးအနက် အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ ဖျားနာနေကြောင်း ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံအခြေစိုက် အဆိုပါဖောင်ဒေးရှင်း (FED) ထံမှ သိရသည်။

ကျန်းမာရေးချို့တဲ့သည့် လူနာငါးဦးတို့အပါအဝင် ပြန်လည်ရောက်ရှိလာသူတို့သည် ကွာရန်တင်းစင်တာသို့ ဝင်ရောက်ပြီးမှသာ သက်ဆိုင်ရာနေရပ်အသီးသီးသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း FED မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့က လွှဲပြောင်းပေးခဲ့သည့် မြန်မာအလုပ်သမား ၁၄၀ ကျော် အနက် ၁၀ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။