24.4 C
Dawei
Wednesday, August 10, 2022
Home Tags စီးပွားရေး

Tag: စီးပွားရေး

သောက်ရေသန့်ဈေးမြင့်လာပြီးနောက် ရောင်းအားကျဆင်း

မြိတ်မြို့အတွင်း ဖြန့်ဝေနေသည့် သောက်ရေသန့်များ ဈေးမြင့်တက်ခဲ့ပြီးနောက် ရောင်းအားလျော့ကျလာကြောင်း ရေသန့်ဖြန့်ဝေနေသူများထံမှ သိရသည်။ လီတာ ၂၀ ဝင် သောက်ရေသန့်တစ်ဘူးကို ပြီးခဲ့သည့်နှစ်က ကျပ် ၅၀၀ သာရှိခဲ့ပြီး ယခုနှစ် မတ်လမှစတင်ကာ တဖြေးဖြေး ဈေးတက်လာပြီးနောက်...

စားဝတ်နေရေးကျပ်တည်းလာတဲ့ တောင်ပိုင်းသားတွေ

အရင်က ခူးမယ့်သူမရှိတဲ့ ရပ်ကွက်ထဲက ရေအိုင်ထဲအလေ့ကျပေါက်နေတဲ့ ကန်စွန်းပင်လေးတွေမှာ အညွန့်ထွက်ချိန်ပင်မရတော့။ ယခင်က ယောင်လို့ပင် လမ်းဘေးကန်စွန်းခင်းနား ဖြတ်မလျှောက်တဲ့ ဒေသခံတွေမှာ အခုတော့ ဟင်းတစ်ခွက်ရဖို့ ကန်စွန်းခင်းအညွန့်ထွက်ချိန် ဦးအောင်အလုအယက် စောင့်ခူးနေကြပါတယ်။

မြိတ်မျှင်ငပိ တစ်နှစ်အတွင်း တစ်ပိဿာကျပ်နှစ်ထောင်ဈေးတက်

မြိတ်ဒေသ ရေထွက်ကုန်တစ်မျိုးဖြစ်သည့် မျှင်ငပိ တစ်နှစ်အတွင်း တစ်ပိဿာလျှင် ကျပ်နှစ်ထောင် ဈေးတက်သွားကြောင်း မြို့‌ပေါ်ရှိ ငပိရောင်းဝယ်ရေးလုပ်ကိုင်နေသူတို့မှ သိရသည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက တစ်ပိဿာလျှင် ငါးထောင်ကျပ်ခန့်သာရှိပြီး လက်ရှိတွင် တစ်ပိဿာကျပ် ခုနစ်ထောင်ဈေးရှိကြောင်း ငပိရောင်းဝယ်ရေးလုပ်ကိုင်နေသူအချို့က ပြောသည်။

ကဒတ်ဥစျေး ၃ ဆခန့်မြင့်တက်

ထားဝယ်တွင်လူကြိုက်များပြီး ဟင်းချိုချက်စားရသော ကဒတ်ဥများ စျေးတက်နေပြီး ယခင်ကထက် ၃ ဆခန့်စျေးပေးဝယ်နေရကြောင်း ဒေသခံများက ပြောသည်။ ကဒက်ဥတစ်ချောင်း ယခင်က အသေးအကြီးလိုက် ၍ သုံးရာကျပ်မှ ငါးရာကျပ်အထိ ပေးဝယ်နေရာမှာ ယခုနှစ်တွင် ယခင်က သုံးရာကျပ်...

စီးပွားရေး ပြိုလဲပြီဟု သီရိလင်္ကာဝန်ကြီးချုပ်ပြော

သီရိလင်္ကာနိုင်ငံတွင် အကြွေးနွံနစ်လာမှုနှင့်အတူ စီးပွားရေး လုံးဝပြိုလဲသွားပြီဖြစ်ကြောင်း ဝန်ကြီးချုပ် Ranil Wickremesinghe က ယနေ့ (ဇွန် ၂၂) ပြောကြားလိုက်သည်။ နိုင်ငံအတွင်းတွင် စက်သုံးဆီဝယ်ယူတင်သွင်းနိုင်ခြင်း မရှိတော့ဘဲ ဓါတ်ငွေ့၊ လျှပ်စစ်၊ အစားအစာနှင့် ကျန်းမာရေးဆိုင်ရာ ဆေးဝါးများ မလုံလောက်မှုပြဿနာကို...

ထားဝယ်တွင် မွေးမြူရေးကြက်ဥစျေးတက်၊ တစ်လုံး ၂၅၀ ကျပ်အထိရောက်ရှိ

စက်သုံးဆီစျေးအပါအဝင် အထွေထွေစျေးနှုန်းများ မြင့်တက်လာမှုကြောင့် ထားဝယ်တွင် မွေးမြူရေးကြက်ဥတစ်လုံး ၂၅၀ ကျပ်နီးပါးဖြစ်လာသည်ဟု ဈေးကွက်အတွင်းမှသိရသည်။ ပြီးခဲ့သည်နှစ် ဇူလိုင်လ က ကြက်ဥတစ်လုံး နှစ်ရာကျပ်ခန့် ဖြင့်ပေးဝယ်နေခဲ့ရာမှ ယခု နှစ် မေလကုန်ပိုင်းတွင် နှစ်ရာငါးဆယ်ကျပ်သို့ မြင့်တက်လာခြင်းဖြစ်သည်။