BREAKING
May 11, 2025

ထိပ်တန်းသတင်း

ထားဝယ်မြို့အနီးရှိ တံတားငယ်တစ်စင်းကို စစ်ကောင်စီတပ်ဖျက်ဆီး

May 10, 2025

ထားဝယ်မြို့နယ် တောနားကျေးရွာအနီးရှိ ကွန်ကရစ်တံတားငယ်တစ်စင်းကို စစ်ကောင်စီတပ်က ယနေ့ မေလ ၁၀ရက် နံနက်ပိုင်းတွင် ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါတံတားမှာ ရှမ္မတွင်းနှင့် တောနားကျေးရွာ ရွာချင်းဆက် တံတားငယ်ပြီး ယနေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ် အင်အား တစ်ရာဝန်းကျင် ကားနှစ်စီးဖြင့် လာရောက်ဖျက်ဆီးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “ကွန်ကရစ်တံတားကို ဘက်ဟိုးနဲ့ လာဖျက်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ တံတားငယ်ကို ဖြိုချကာ မြေကြီးကိုပါတူးကာ ဖျက်ဆီးလိုက်သဖြင့် လမ်းပိုင်း ဖြတ်တောက်သွားပြီး ကား၊ ဆိုင်ကယ် စသည် မော်တော်ယာဉ်များ သွားလာ၍ မရတော့ကြောင်း ဒေသခံများထံမှ သိရသည်။ ယခုဖျက်ဆီးခံရသော တံတားငယ်သည် ထားဝယ်မြို့အဝင်၌ရှိ‌သော ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်နှင့် တစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။ တံတားကို ဖျက်ဆီးနေချိန်တွင် […]

ဘုတ်ပြင်းတွင် စစ်ကူလာသည့်စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်

May 9, 2025

ဘုတ်ပြင်းမြို့ဘက်မှ လေညာကျေးရွာသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့‌ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံများထံမှ သိရသည်။ မေလ ၈ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ဘုတ်ပြင်းဘက်မှ VIGO ကား ငါးစီး၊ ကျောက်တင်ကား နှစ်စီးတို့ဖြင့်လာသည့် စစ်ကောင်စီတပ်သားများကို ဘိုဒါးနှင့် ဝါးချောင်းကျေးရွာကြား ‌ကျောက်ဖြူတောင် ရေချိုချောင်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ ကြောင်း ဘုတ်ပြင်းမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့က မေလ ၉ ရက်တွင် ထုတ်ပြန်သည်။ အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီယာဉ်တန်းတွင် ခလရ-၂၂၄ ၊ ခမရ ၃၅၈ နှင့် ခလရ ၄၃၂ တပ်ရင်းသုံးခုက စစ်ကောင်စီတပ်သားများပါဝင်ကြောင်း ပူး‌ပေါင်းတပ်တွင်ပါဝင်သည့် KNLA တပ်ရင်း ၂၀၃၊ တပ်ခွဲ ၄ ၏ ပြန်ကြားရေးတာဝန်ခံက […]

ပုလောမြို့မရဲစခန်းကို မြိတ်ခရိုင် PDF ဝင်ရောက်တိုက်ခိုက်

May 9, 2025

စစ်ကောင်စီလက်အောက်ခံ ပုလောမြို့မရဲစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်များနှင့် ဒေသခံများထံမှ သိရသည်။ ပုလောမြို့အဝင် တောင်ယာကမ်းကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ မြို့မရဲစခန်းကို ယနေ့ မေ ၉ရက် နံနက် ၆နာရီ ဝန်းကျင်တွင် မြိတ်ခရိုင်၊ အမှတ် (၁) PDF တပ်ရင်းက တိုက်ခိုက်ခဲ့ကြောင်း အဆိုပါတပ်ရင်းက ထုတ်ပြန်သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း ရဲအုပ်တစ်ဦးနှင့် ရဲတပ်သားတစ်ဦးသေဆုံးကြောင်း မြိတ်ခရိုင်၊ အမှတ်(၁) PDF တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ “ကျွန်တော်တို့ဘက်က ဝင်စီးပြီးချိန် ရဲစခန်းထဲက သူတို့တပ်ဖွဲ့တွေဘက်က ပြန်ပစ်တယ်။ ရဲအုပ်ကတော့ ကျွန်တော်တို့ စပစ်တာနဲ့ ပွဲချင်းပြီးသေသွားတယ်။ ရဲတပ်သားကတော့ ရဲစခန်းအဝင်ပေါက်မှာ သေသွားတယ်” ဟု အထက်ပါ ၎င်းက ပြောသည်။ တိုက်ခိုက်မှုအတွင်း လက်နက်ကြီးအပါအဝင် လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

May 9, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မေ ၃ ရက်မှ မေ ၉ ရက်အထိ အမေရိကန် ကာဒီနယ်ကို ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ် ၂၆၇ ပါးမြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် အမေရိကန်ကာဒီနယ် ရောဘတ်ပရီဗို့စ် ကို ရွေးချယ်လိုက်တယ်လို့ ဗာတီကန်နန်းတော်က ကြေညာလိုက်ပါတယ်။ ရောဘတ်ပရီဗို့စ်က ပုပ် လီယို ၁၄ ဘွဲ့တော်နဲ့ ပုပ်ရဟန်းမင်းကြီးအဖြစ် ခံယူသွားမှာပါ။ သက်တော် ၆၉ နှစ်ရှိပြီဖြစ်တဲ့ ကာဒီနယ် ရောဘတ်ပရီဗို့စ်ဟာ အမေရိကန်နိုင်ငံသားတယောက်ဖြစ်ပေမဲ့ ပီရူးနိုင်ငံက သာသနာပြုလုပ်ငန်းတွေမှာပဲ နှစ်မြှုပ်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်ကမှ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သူ့ကို ကာဒီနယ်ရဟန်းအမတ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ပရီဗို့စ်ဟာ ပီရူးနိုင်ငံ အနောက်မြောက်ပိုင်း ချီကလာယိုမှာ ၂၀၁၅ ခုကနေ ၂၀၂၃ ခုအထိ သာသနာပြုလုပ်ငန်းတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ပထမဆုံး အမေရိကန် ပုပ်ရဟန်းမင်းအဖြစ်ရွေးချယ်ခံရတဲ့အပေါ် ဂုဏ်ယူတယ်လို့ ပြောပါတယ်။ Ref: BBC …………………………………….. မြောက်ကိုးရီးယာက ပဲ့ထိန်းဒုံးကျည်များကို စမ်းသပ်ပစ်လွှတ် မြောက်ကိုရီးယားနိုင်ငံက မေလ ၈ ရက်နေ့က ပဲ့ထိန်းဒုံးကျည်တွေကို ပင်လယ်ထဲ စမ်းသပ် ပစ်လွှတ်ခဲ့ပါတယ်။ ဒါကို ဂျပန်နဲ့ တောင်ကိုးရီးယားနိုင်ငံတွေက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ဒုံးကျည်တွေဟာ ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းပေါ်မှာ ပျံသန်းသွားတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်အများစုက တာတိုပစ်တွေဖြစ်ပြီး တစင်းကတော့ ၈၀၀ ကီလိုမီတာလောက်ကို အမြင့်ဆုံး အမြင့်ပေက ၁၀၀ လောက်နဲ့ ပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီဒုံးကျည်ကတော့ ကိုရီးယားကျွန်းဆွယ်ရဲ့ အရှေ့ဘက် ဂျပန်ပင်လယ်မှာ ကျရောက်ခဲ့တယ်လို့ပြောပါတယ်။ ဒီလုပ်ရပ်က ဂျပန်နိုင်ငံရဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ခြိမ်းခြောက်နေတယ်လို့ သတိပေးထားပါတယ်။ Ref: DW …………………………………….. အိန္ဒိယ-ပါကစ္စတန်ကြား တိုက်ခိုက်မှု အပြန်အလှန် ရှုတ်ချ ပါကစ္စတန်စစ်တပ်ဟာ အိန္ဒိယရဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေအပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး ပြန်လည် လက်တုံ့ပြန်သွားမယ်လို့ ပါကစ္စတန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူကနေကြေညာလိုက်ပါတယ်။ အိန္ဒိယရဲ့ လုပ်ရပ်တွေက အကြောင်းမဲ့ အကြမ်းဖက်မှုဖြစ်ပြီး ရန်လိုမှုတွေဖြစ်တယ်လို့ ပြောဆိုထားတာပါ။ အိန္ဒိယရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါကစ္စတန်မှာ အရပ်သား ၃၆ ဦး သေဆုံးခဲ့ပြီး ၅၀ကျော် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယဘက်မှာလည်း ပါကစ္စတန်လက်နက်ကြီးတွေကြောင့် ၁၂ ဦးအထိ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လက အိန္ဒိယဘက် ကက်ရှ်မီးယားမှာ လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဟိန္ဒူခရီးသွား ၂၆ ဦးသေဆုံးခဲ့တာနဲ့ ပက်သက်ပြီး နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေး တင်းမာနေသလိုအပြန်အလှန် ပစ်ခတ်မှုတွေ ဆက်ရှိနေပါတယ်။ ပါကစ္စတန်ဘက်ကတော့ အိန္ဒိယနိုင်ငံက ဂျက်လေယာဉ်တွေနဲ့ ဒရုန်းတွေကို လေကြောင်းပစ်လက်နက်တွေကနေ ပစ်ချထားပါတယ်။ Ref: BBC …………………………………….. ဖင်လန်တိုက်လေယာဉ် ပျက်ကျ၊ လေယာဉ်မှူး ထွက်ပြေးလွတ်မြောက် ဖင်လန်နိုင်ငံမြောက်ပိုင်းရှိ ရိုဗာနီယယ်မီ လေဆိပ်အနီးမှာ မေ ၇ ရက်က ဖင်လန်လေတပ်ပိုင်တိုက်လေယာဉ်တစင်း ပျက်ကျခဲ့ပါတယ်။ လေယာဉ်မှူးကတော့ လေယာဉ်ပေါ်က ခုန်ထွက်လွတ်မြောက်ခဲ့ပြီးနောက် ဆေးရုံကို ပို့ဆောင်ထားရတာပါ။ တိုက်လေယာဉ်ပျက်ကျပြီးတဲ့နောက် ရဲတွေက လေဆိပ်အသွားလမ်းကို ယာဉ်ကြောပိတ်ဆို့ထားပြီး လေဆိပ်ဝင်ရောက်ခွင့်ကိုလည်း ပိတ်ထားခဲ့ပါတယ်။ ဒါပေမယ့်လဲ လေဆိပ်ကိုတော့ ဆက်ဖွင့်ထားခဲ့ပါတယ်။ လေယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ Ref: REUTERS …………………………………….. ရုရှားနဲ့ ယူကရိန်း အကျဉ်းသား ၂၀၀ ကျော် လဲလှယ် ယူအေအီးနိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် မေလ ၆ ရက်နေ့က ရုရှားနဲ့ ယူကရိန်းတို့ကအကျဉ်းသား ၂၀၅ ဦးကို လဲလှယ်ခဲ့ပါတယ်။ ယူကရိန်းစစ်သားတွေကို ပြန်ခေါ်လာနေပြီး အကူအညီအတွက် ယူအေအီးနိုင်ငံကို ကျေးဇူးတင်တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ထုတ်ပြန်ပါတယ်။ […]

ဒေသတွင်းသတင်း

ထားဝယ်-ပုလော ရေလမ်းဖြင့် ခရီးသွားမည့်သူများ သတင်းပို့ပြီးမှသွားရန် KNU သတိပေး

May 1, 2025

ထားဝယ်-ပုလောမြို့တို့သို့ ရေလမ်းခရီးဖြင့် သွားလာနေမှုများကို လျှော့ချပြီး မဖြစ်မနေသွားရမည်ဆိုပါက ဖုန်းဆက် အသိပေးပြီးမှ သွားလာကြရန်KNU တပ်မဟာ ၄၊ အထူးတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်ထားသည်။ ထားဝယ်-ပုလော- မြိတ်- ကော့သောင်းမြို့တို့ကို ဆက်သွယ်ထားသော အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ထဲတွင် စစ်ရေးတင်းမာလျက်ရှိသဖြင့် ကုန်းလမ်းဖြင့် ခရီးသွားမရဘဲဖြစ်နေသည်။ ယင်းအတွက်ကြောင့် ပြည်သူများမှာ လက်ရှိတွင် ရေလမ်းခရီးကို အားထားပြီးသွားလာနေကြရသည်။ စစ်ကောင်စီတပ်ကလည်း ကုန်လမ်းဖြင့် မသွားတော့ဘဲ ရေလမ်းကိုပင် အသုံးပြုပြီး သွားလာလှုပ်ရှားမည်ဟု သတင်းရထားကြောင်း KNU တပ်မဟာ ၄၊ အထူးတပ်ဖွဲ့ တပ်ခွဲမှူး ဗိုလ်ပျံလွှားက ပြောသည်။ “စစ်ကောင်စီတပ်က ကုန်းလမ်းကနေ သွားလို့မရတော့ ရေလမ်းကနေ သွားတဲ့အချိန် ကျွန်တော်တို့နဲ့ တွေ့ရင်ပစ်မှာပဲ။ အဲဒီလိုမျိုး အခြေအနေတွေရှိလို့ ပြည်သူတွေသတိပေးထားတာပါ” ဟု […]

ကော့ကရိတ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်၊ ဒေသခံ တစ်သိန်းနီးပါး ထွက်ပြေးနေရ

April 30, 2025

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးတစ်ဝိုက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ဒေသခံ တစ်သိန်းနီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံနှင့် စစ်ဘေးရှောင်များကို အကူအညီပေးနေသူများထံမှ သိရသည်။ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စတင်တိုက်ခိုက်ခဲ့သည် ဧပြီလ ၁၄ ရက်ကစပြီး ဒေသတွင်းတိုက်ပွဲပြင်းထန်လာခဲ့မှာ ယနေ့အထိပင် ဖြစ်သည်။ ဒေသတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် ကျုံဒိုးမြို့အနီးတဝိုက်က ကျေးရွာများကို စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှု နေ့စဉ်ပြုလုပ်နေသည့်အပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ “သင်္ကြန်ကနေ ဒီကနေ့အထိ လေယာဉ်နဲ့ ဗုံးကြဲတာတွေကို လုပ်နေတယ်။ နေ့တိုင်း တစ်ရွာမဟုတ် တစ်ရွာ ထိနေတယ်။ အစမှာတော့ ထိကြတယ်လေ လူတွေ သေကြတယ်။ ကမ်းနီမှာဖြစ်သွားတဲ့နေ့ဆိုရင် လူတွေ အများကြီး သေကြတယ်။ အဲဒီနောက်ပိုင်း […]

ရွှေ့ပြောင်းလုပ်သား

မြန်မာလုပ်သားစုံတွဲ ထိုင်းထီ ဘတ် ခြောက်သန်းပေါက်

May 6, 2025

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် ဆောက်လုပ်ရေးလုပ်ကိုင်နေသော မြန်မာအလုပ်သမား ဇနီးမောင်နှံနှစ်ဦးသည် မေလ ၂ ရက်က ဖွင့်လှစ်ခဲ့သော ထိုင်းထီအမြင့်ဆုံးဆု ဘတ် ခြောက်သန်း ထီပေါက်ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမားစုံတွဲသည် ထိုင်းထီ ပထမဆု ၂၁၃၃၈၈ တွင် ခြောက်လုံးတိုက် ပထမဆုကို ကံထူးခဲ့သဖြင့် ဘတ် ခြောက်သန်း ထီပေါက်ခဲ့ခြင်းဖြစ်သည်။ ထီပေါက်သူနှစ်ဦးသည် ဆုငွေထုတ်ယူပေးရန် MHAC မဟာမိတ်အဖွဲ့ထံ အကူအညီလာတောင်းခဲ့သဖြင့် ယနေ့ မေလ ၆ ရက်တွင် ဆုငွေများကို ထုတ်ယူပြီး ပေးအပ်ပြီးဖြစ်ကြောင်း အဖွဲ့ဦးဆောင်သူ ကိုရဲမင်းက ပြောသည်။ “သူ့သားလေးကို ထီလက်မှတ်သွားဝယ်ခိုင်းတယ်လို့ သိရတယ်။ အဲဒီထီလက်မှတ်ကနေ ဘတ် ခြောက်သန်း ကံထူးသွားတာပဲ” ဟု ကိုရဲမင်းက ဆိုသည်။ ပြီးခဲ့သော ရက်များက ထိုင်းအစိုးရရုံးပိတ်ရက်များ […]

အဖမ်းအဆီးကြမ်းနေတဲ့ထိုင်းမှာ မြန်မာလုပ်သားတွေ အန္တရာယ်ကင်းဖို့

May 4, 2025

ထိုင်းအစိုးရက ထိုင်းနိုင်ငံထဲမှာ တရားမဝင်နေထိုင်သူတွေ၊ သတ်မှတ်စည်းမျဉ်းစည်းကမ်း မလိုက်နာသူတွေကို ဖမ်းဆီးပြီး နေရပ်ပြန်ပို့တာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ထိုင်းရောက် မြန်မာလုပ်သားတွေ အန္တရာယ်ကင်းစေဖို့ သတိထားသင့်တာတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

စူရတ်က ထိုင်းမြန်စာသင်ကျောင်းမှာ ကျောင်းအပ်လက်ခံ

May 3, 2025

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ ထိုင်း-မြန်မာစာသင်ကျောင်းမှာ မြန်မာကလေးငယ်တွေကို ကျောင်းအပ်လက်ခံနေပါတယ်။ ပုဂ္ဂလိက စာသင်ကျောင်းတစ်ကျောင်းဖြစ်တဲ့ တော်ဝင့်ဖက်ဌနာ(Tuongwit Pattana)ကျောင်းမှာ ဧပြီလ ၁၉ ရက်ကနေ မေလ ၆ ရက်နေ့အထိ လက်ခံနေတာပါ။ ကျောင်းအပ်တဲ့အချိန် ဘယ်လိုအချက်အလက်တွေ လိုအပ်လဲ။ ဘယ်လောက်ကုန်ကျမလဲဆိုတာ Dawei Watch က တင်ဆက်ထားပါတယ်။

နိုင်ငံတကာသတင်း

အိန္ဒိယဂျက်လေယာဉ်နှစ်စီးကို ပါကစ္စတန်က လက်တုံ့ပြန်ပစ်ချ

May 7, 2025

ပါကစ္စတန်နိုင်ငံအတွင်းသို့ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အိန္ဒိယကို လက်တုံ့ပြန်သည့်အနေဖြင့် ပါကစ္စတန်စစ်တပ်က အိန္ဒိယဂျက်လေယာဉ်နှစ်စီးကို ပစ်ချခဲ့ကြောင်း Pakistan Today သတင်းဌာနက ဖော်ပြခဲ့သည်။ အိန္ဒိယ၏ တိုက်ခိုက်မှုမှာ စစ်ပြုသည့် လုပ်ရပ်ဖြစ်ပြီး ပါကစ္စတန်အနေဖြင့် ပြင်းပြင်းထန်ထန် တုံ့ပြန်သွားခွင့်ရှိသည်ဟု ပါကစ္စတန်ဝန်ကြီးချုပ် မိုဟာမက်ရှက်ဘက်ရှရစ်ကပြောသည်။ ကက်ရှ်မီးယားဒေသ နယ်စပ်ထိန်းချုပ်မှုမျဉ်း (LOC) တစ်လျှောက်ရှိ အိန္ဒိယစစ်တပ်ဂိတ်တစ်ခုနှင့် အိန္ဒိယစစ်တပ်၏ တပ်စခန်းတစ်ခုကို ပါကစ္စတန်တပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းခဲ့သည်ဟု ပါကစ္စတန်အစိုးရပိုင်မီဒီယာက ဖော်ပြသည်။ မိမိနယ်မြေကို ကာကွယ်ရန်အတွက် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်သွားမည်ဟု ပါကစ္စတန် သတင်းအချက်အလက်ဝန်ကြီးကလည်း ပြောသည်။ ပါကစ္စတန်နိုင်ငံအတွင်းနှင့် ပါကစ္စတန်အုပ်ချုပ်သည့် ကက်ရှ်မီးယားဒေသမှ အကြမ်းဖက်သမားများ၏ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားကာ နေရာ ၉ နေရာကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယနေ့ ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် အိန္ဒိယအစိုးရက […]

အိန္ဒိယက ပါကစ္စတန်နိုင်ငံထဲကို ဒုံးကျည်များဖြင့် ပစ်ခတ်

May 7, 2025

ပါကစ္စတန်နိုင်ငံအတွင်းနှင့် ပါကစ္စတန်အုပ်ချုပ်သည့် ကက်ရှ်မီးယားဒေသမှ အကြမ်းဖက်သမားများ၏ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားကာ နေရာ ၉ နေရာကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယနေ့ ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် အိန္ဒိယအစိုးရက ထုတ်ပြန်လိုက်သည်။ ပြီးခဲ့သည့်လက ကက်ရှ်မီးယားအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အပြီး အဏုမြူလက်နက်ပိုင် အိမ်နီးချင်းနိုင်ငံနှစ်ခုအကြား တင်းမာမှုမြင့်တက်နေချိန် အဆိုပါ တိုက်ခိုက်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုသည် ၂၀၁၉ နောက်ပိုင်း အိန္ဒိယဘက်မှ ပါကစ္စတန်နိုင်ငံထဲသို့ အပြင်းထန်ဆုံး တိုက်ခိုက်မှုလည်း ဖြစ်သည်။ “ဆင်ဒူးစစ်ဆင်ရေး”ဟု အမည်ပေးထားသည့် အဆိုပါ တိုက်ခိုက်မှုကို အသေအချာပြင်ဆင်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့ကြောင်း၊ ပါကစ္စတန်စစ်တပ်ကို ပစ်မှတ်ထားခြင်း မရှိကြောင်း အိန္ဒိယအစိုးရ၏ ထုတ်ပြန်ချက်က ဆိုသည်။ “ဒီလို အင်မတန် ယုတ်မာတဲ့ ရန်စမှုကို လျစ်လျူရှုထားမှာ မဟုတ်ပါဘူး”ဟု ပါကစ္စတန်စစ်တပ်၏ ပြောခွင့်ရပုဂ္ဂိုလ်က […]

မဲဆောက် စည်ပင်ရုံးအနီး ပစ်ခတ်နေသည့် သေနတ်သမားကို ရဲတပ်ဖွဲ့ ပစ်ခတ်ဖမ်းဆီး

May 6, 2025

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ စည်ပင်ရုံးအနီးတွင် ရမ်းသမ်းပစ်ခတ်နေသော သေနတ်သမားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ မေလ ၆ ရက် နံနက်ပိုင်းက မဲဆောက်မြို့ စည်ပင်ရုံးအနီးတွင် သေနတ်သမားသည် ပစ်ကပ်ကားကို စီး၍ ရိုင်ဖယ်သေနတ်ကို ကိုင်ကာ အနီးအနားကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ နံနက် ၆ နာရီတွင် ရဲတပ်ဖွဲ့က ဆီဆိုင်နှင့် လမ်းအချို့ကို ပိတ်၍ လမ်းသွားလမ်းလာများကို ရှောင်ရှားပြီး သွားကြရန် သတိပေးခဲ့ကြောင်း ဖော်ပြသည်။ ထို့နောက် သေနတ်သမားကို ဆီဆိုင်အနီး ပိတ်ဆို့၍ ရှာဖွေဖမ်းဆီးခဲ့ရာ နံနက် ၈ နာရီခန့်က ဖမ်းဆီးနိုင်ခဲ့ကြောင်း ဆိုသည်။ သေနတ်သမားသည် စိတ်ရောဂါ ခံစားနေရကြောင်း ရဲတပ်ဖွဲ့က ကောက်ချက်ချထားသည်။ လက်ရှိတွင် သေနတ်သမားနှင့် ပတ်သက်၍ အချက်အလက်နှင့် ပစ်ခတ်ရသည့် […]