BREAKING
May 11, 2025

ထိပ်တန်းသတင်း

အိန္ဒိယနှင့် ပါကစ္စတန်အကြား အပစ်ရပ်သဘောတူညီပြီး နာရီပိုင်းအကြာတွင် ပေါက်ကွဲမှုဖြစ်၊ အပြန်အလှန်စွပ်စွဲ

May 11, 2025

နှစ်နိုင်ငံ အပစ်ရပ်သဘောတူညီချက် ရရှိခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပင် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး သဘောတူညီချက်ကို ချိုးဖောက်သည်ဟု အိန္ဒိယနှင့် ပါကစ္စတန်အကြား အပြန်အလှန် စွပ်စွဲခဲ့ကြသည်။ အပစ်ရပ်သဘောတူညီချက် စတင်အသက်ဝင်ပြီးနောက် နာရီပိုင်းအကြာတွင် အိန္ဒိယထိန်းချုပ်ထားသည့် ကက်ရှ်မီးယားတွင် ပေါက်ကွဲသံများ ပေါ်ထွက်လာခဲ့သည်။ ယင်းနောက် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဗီကရမ်မိစရီက အပစ်ရပ်သဘောတူညီချက်ကို ပါကစ္စတန်ဘက်မှ ထပ်ခါထပ်ခါ ချိုးဖောက်မှုများ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ယင်းအပေါ် အိန္ဒိယတပ်ဖွဲ့များက သင့်လျော်သည့် တုံ့ပြန်မှု လုပ်ဆောင်နေကြောင်း ၊ ပါကစ္စတန်အနေဖြင့် ၎င်းတို့ဘက်မှ အပစ်ရပ်သဘောတူညီချက် ချိုးဖောက်မှုကို ဖြေရှင်းပေးရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ယင်းနောက် အချိန်အနည်းငယ်အကြာတွင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက အိန္ဒိယဘက်မှ နေရာအချို့တွင် အပစ်ရပ်သဘောတူချက်ကို ချိုးဖောက်မှုရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ပါကစ္စတန်အနေဖြင့် အပစ်ရပ်သဘောတူညီချက်ကို သစ္စာရှိရှိ အကောင်အထည်ဖော်သွားမည်ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ အပစ်ရပ်သဘောတူညီချက်ကို […]

အိန္ဒိယနှင့် ပါကစ္စတန် အပစ်ရပ် ကြေညာ

May 10, 2025

အမေရိကန်အစိုးရ၏ ကြားဝင်ဆောင်ရွက်မှုဖြင့် အိန္ဒိယနှင့် ပါကစ္စတန်အကြား အပစ်အခတ်ရပ်စဲရန် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည်။ ကြည်း၊ ရေ၊ လေ စစ်ရေးလှုပ်ရှားမှုအားလုံးကို မေလ ၁၀ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် စတင်ရပ်ဆိုင်းပြီဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ အိန္ဒိယနှင့် အပစ်ရပ်ပြီ ဖြစ်ကြောင်း ပါကစ္စတန်ဒုတိယဝန်ကြီးချုပ်ကလည်း အတည်ပြုခဲ့သည်။ “အမေရိကန်ပြည်ထောင်စုရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ တစ်ညတာ ဆွေးနွေးမှုတွေ အချိန်အကြာကြီး လုပ်ခဲ့ပြီးတဲ့နောက်မှာ အိန္ဒိယနဲ့ ပါကစ္စတန်အကြား အလုံးစုံ ချက်ချင်း အပစ်ရပ်ဖို့ သဘောတူလိုက်ပြီဆိုတာကို ကျွန်တော် ဝမ်းမြောက်ဝမ်းသာ အသိပေးလိုပါတယ်” ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၎င်းပိုင်ဆိုင်သည့် Truth လူမှုကွန်ရက်ပေါ်တွင် ရေးသားလိုက်သည်။ အပစ်ရပ်မှုနှင့် ပတ်သက်၍ ယနေ့ ညပိုင်းတွင် ပါကစ္စတန်ဝန်ကြီးချုပ်ရှက်ဘက်ရှာရစ်က နိုင်ငံကို မိန့်ခွန်းပြောကြားမည် […]

ထားဝယ်တွင် သွေးလွန်တုပ်ကွေးကြောင့် ကလေးတစ်ဦးသေဆုံး

May 10, 2025

ထားဝယ်မြို့တွင် သွေးလွန်တုန်ကွေးရောဂါကြောင့် ကလေးတစ်ဦး သေဆုံးခဲ့ကြောင်း မြို့ခံများနှင့် ကူညီဆောင်ရွက်ပေးသူများထံမှ စုံစမ်းသိရှိရသည်။ သွေးလွန်တုပ်ကွေးဖြစ်နေသည့် ထားဝယ်မြို့၊ တလိုင်းမရပ်ကွက်မှ အသက် ၆ နှစ်အရွယ် မိန်းကလေးမှာ ထားဝယ်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရင်း မေလ ၉ ရက်နေ့ ညက သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။ ယင်းအပြင် ပုဂ္ဂလိ ဆေးရုံနှင့် အစိုးရဆေးရုံများတွင်လည်း ဖျားနာရောဂါ လက္ခဏာအပြင် သွေးလွန်တုပ်ကွေး လက္ခဏာတွေ့ရှိသည့် လူနာများရှိနေကြောင်း ဆေးရုံ နှင့်နီးစပ်သူများထံမှစုံစမ်းသိရှိရသည်။ “အဖြစ်များတဲ့အချိန်တော့ မဟုတ်သေးဘူး ပုံမှန်ပါပဲ။တကယ်တော့ ၆ လပိုင်း လလယ်လောက်ဆို ပိုများတတ်ပါတယ်”ဟု ဆေးရုံနှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ ယခု မေလပထမပတ်အတွင်း ထားဝယ်မြို့ပေါ်ရှိ ကညုံ ၊တလိုင်းမ၊ တလိုင်းထိန်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေး လက္ခဏာတွေ့ရှိသည် လူနာ များတွေ့ရှိရခြင်းကြောင့် မြို့ခံပရဟိတအသင်းက ခြင်ဆေးဖြန်းပေးကြောင်း […]

ဘုတ်ပြင်းက စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်နှင့်အတူ KNU ထံ ဘက်ပြောင်း

May 10, 2025

ဘုတ်ပြင်းမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်က တပ်သားနှစ်ဦးသည် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းကျေးရွာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)ထံ လက်နက်နှင့်အတူ ဘက်ပြေင်းခိုလှုံကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ မေလ ၉ ရက် မွန်းလွဲ ၂နာရီတွင် သိန်ခွန်းကျေးရွာရှိ KNU တပ်မဟာ ၄လက်အောက်ခံ KNLAတပ်ရင်း ၁၁ထံ MA1 အမျိုးအစား သေနတ် နှစ်လက်နှင့်အတူ ဘက်ပြောင်းလာကြောင်း KNLA တပ်ရင်း ၁၁ တပ်စိတ်မှူး ကိုချစ်က ပြောသည်။ ဘုတ်ပြင်းအခြေစိုက် စစ်ကောင်စီ၏ ခလရ ၂၂၄တပ်ရင်းက အသက်၃၆ နှစ်အရွယ် တပ်ကြပ်ကြီးတစ်ဦးနှင့် အသက် ၂၇ နှစ်အရွယ် တပ်သားတစ်ဦးတို့ ဘက်ပြောင်းလာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ”သူတို့က စစ်သားတွေပဲ။ မနေ့ နေ့လယ်ဘက်က ရှေ့တန်းတစ်နေရာမှာ သွားကြိုလာတယ်။ တစ်ဦးချင်းကို […]

ဒေသတွင်းသတင်း

မြိတ်-ထားဝယ် ခရီးသည်တင်ကားများ ပြေးဆွဲမှုမရှိသေး

May 5, 2025

အရက်အတန်ကြာပိတ်မိပြီး ဖြတ်သန်းခွင့်မရဘဲဖြစ်နေသည့် မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်း ပြန်လည်သွားလာ၍ ရနေပြီဟု ပြောဆိုမှုများရှိသော်လည်း ခရီးသည်တင်ကားများ ပြေးဆွဲခြင်း မရှိသေးကြောင်း ကားဂိတ်အချို့ထံမှ စုံစမ်းသိရှိရသည်။ မြိတ်-ထားဝယ်လမ်းပိုင်း ယနေ့ ပြန်ဖွင့်ပြီဖြစ်ကြောင်း Facebook ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားနေကြသည်။ ယနေ့ မေလ ၅ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် မြိတ်မြို့နှင့် ထားဝယ်မြို့ရှိ ခရီးသည်တင်ကားဂိတ် လေးဂိတ်ကို ဆက်သွယ် မေးမြန်းကြည့်ရာ မြိတ်-ထားဝယ်ခရီးစဉ်အား ပြေးဆွဲခြင်းမရှိသေးဘဲ အခြေအနေစောင့်ကြည့်နေဆဲသာ ဖြစ်ကြောင်း အဆိုပါဂိတ်များထံမှ သိရသည်။ “ကားလမ်းက ဒီနေ့မှ ရုတ်တရက် စဖွင့်တယ်ဆိုပြီးပြောလာကြတော့ မသွားကြသေးဘူး။ အခြားဂိတ်တွေရော မသွားကြ သေးဘူး။ အခြေအနေစောင့်ကြည့်နေကြသေးတယ်” ဟု မြိတ်မြို့ ခရီးသည်တင်ကားဂိတ် တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြိတ်-ထားဝယ်ကားလမ်း ယနေ့ပြန်ဖွင့်သည်ဟု ပြောဆိုမှုများရှိသော်လည်း အတည်မပြုနိုင်သေးသဖြင့် ယနေ့ […]

ရာသီပေါ်စ ဒူးရင်းသီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ဈေးကောင်းမရ

May 4, 2025

မြိတ်၊ တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် ဒူးရင်းသီး စပေါ်နေပြီဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဈေး‌ကောင်းမရဘဲဖြစ်နေကြောင်း ဒေသခံများက ပြောသည်။ တိုက်ပွဲများကြောင့် ပြည်ထောင်စုလမ်းတစ်လျှောက် သယ်ယူပို့ဆောင်ရန် အဆင်မပြေသည့်အတွက် ဈေးကောင်းမရခြင်း ဖြစ်ကြောင်း ဒူးရင်းသီးရောင်းဝယ်သူအချို့က ဆိုသည်။ “ကားလမ်းပိတ်လိုက်တော့ ဒူးရင်းသီးဈေးတွေ တအားကျနေတယ်။ ပေါ်ဦးပေါ်ဖျားဆိုပေမယ့် အခြား‌ဒေသတွေကို တင်ပို့ မရတော့ ဈေးက ရှယ်ကျနေတယ်” ဟု ဒူးရင်းသီးကုန်သည်တစ်ဦးက ပြောဆိုသည်။ ယမန်နှစ်က ဒူးရင်းသီးအကြီးတစ်လုံးလျှင် ငွေကျပ်တစ်သောင်းဝန်းကျင် ဈေးရသော်လည်း လက်ရှိတွင် ကျပ်ငါးထောင်ဝန်းကျင်သာ ပေါက်ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယင်းအပြင် ဒူးရင်းသီး အသေးတစ်လုံးလျှင် ယမန်နှစ်က ကျပ်လေးထောင်ဝန်းကျင်ရှိရာက ယခုနှစ်တွင် ကျပ်နှစ်ထောင်ဝန်းကျင်သာ ဈေးရတော့ကြောင်း သိရသည်။ ဒူးရင်းသီး၏ အရွယ်အစားအပေါ်မူတည်ကာ ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချနေခြင်းဖြစ်သည်။ မုတ်သုန်ရာသီမဝင်မီ မိုးရွာသွန်းနေခြင်းကလည်း ဒူးရင်းစိုက်တောင်သူများအတွက် […]

ရွှေ့ပြောင်းလုပ်သား

မလေးရှားသွားမည့်သူများအပါအဝင် မြန်မာ ၇၀ ကျော် ထိုင်းနယ်စပ်တွင် ဖမ်းဆီးခံရ

May 6, 2025

မလေးရှားနိုင်ငံသို့ သွားမည့်သူများအပါအဝင် ထိုင်းနိုင်ငံထဲသို့ တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၇၀ ကျော်ကို ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ မေလ ၆ ရက် နံနက်ပိုင်းတွင် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသရှိ တောထဲတွင် မြန်မာနိုင်ငံသားများ ပုန်းခိုနေစဉ် ကင်းလှည့်လာသော ထိုင်းစစ်တပ်နှင့် တွေ့သဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများတွင် ကလေးငယ်များအပါအဝင် မြန်မာအမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၃၉ ဦး စုစုပေါင်း ၇၁ ဦးပါဝင်ပြီး အများစုသည် အသက် ၁၇ နှစ်မှ ၃၃ နှစ်အရွယ်များဖြစ်ကြောင်း ဖော်ပြသည်။ အားလုံးကို စစ်ဆေးစဉ် တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများသည် ဘုရားသုံးဆူနယ်စပ်မှတဆင့် […]

ထိုင်းအမျိုးသမီးကို နောက်ယောင်ခံလိုက်ခြိမ်းခြောက်သည့် မြန်မာအမျိုးသား နေရပ်ပြန်ပို့ခံရမည်

May 6, 2025

ထိုင်းအမျိုးသမီးကို နောက်ယောက်ခံလိုက်ပြီး အကြိမ်ကြိမ် ခြိမ်းခြောက်နှောင့်ယှက်ခဲ့သည့် မြန်မာအမျိုးသားတစ်ဦးကို ဒဏ်ငွေ ဘတ် ၁၀၀၀ ချမှတ်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း ထိုင်းသတင်းဌာန The Thaiger တွင် ဖော်ပြသည်။ မြန်မာအမျိုးသား၏ နောက်ယောက်ခံလိုက်နှောင့်ယှက်မှုကို ထိုင်းအမျိုးသမီးက ရဲတပ်ဖွဲ့ထံ အကြိမ်ကြိမ်တိုင်ကြားခဲ့ သော်လည်း အရေးယူခြင်းမရှိသဖြင့် Facebook အကောင့်ပေါ်တင်၍ အကူအညီတောင်းခံခဲ့ကြောင်းဆိုသည်။ အသက် ၂၈နှစ်အရွယ် လင်းအမည်ရှိ ထိုင်းအမျိုးသမီးသည် နောက်ယောင်ခံလိုက်ခံရမှုကို ဘန်ခွန်ထီယမ်ရဲစခန်းတွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသားက သုံးရက်ကျော်သည်အထိ လိုက်လံနှောင့်ယှက်ပြီး ခြိမ်းခြောက်နေသဖြင့် ညဘက်အိပ်မပျော်တော့ဘဲ တစ်ယောက်တည်း သွားလာရန်ပင် ကြောက်ရွံ့နေခဲ့ကြောင်း ထိုင်းအမျိုးသမီးက သတင်းတွင် ပြောဆိုထားသည်။ ရဲတပ်ဖွဲ့ထံ တိုင်ကြားရာတွင်လည်း အတွေးလွန်နေသည်ဟုသာ တုံ့ပြန်ခဲ့ကြောင်း ၎င်းက ဆိုသည်။ မြန်မာအမျိုးသားသည် Instagram မှတစ်ဆင့် အင်္ဂလိပ်ဘာသာဖြင့် စာပို့၍ […]

နိုင်ငံတကာသတင်း

အိန္ဒိယဒရုန်း ၂၅ စီးကို ပစ်ချနိုင်ခဲ့ဟု ပါကစ္စတန်ဆို

May 9, 2025

အိန္ဒိယဘက်မှ တိုက်ခိုက်လာသည့် ဒရုန်း ၂၅ စီးကို ပစ်ချနိုင်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။ ယင်းသို့ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် အိန္ဒိယကို နောက်ထပ်လက်တုံ့ပြန် တိုက်ခိုက်သွားမည့်အရေးမှာ ပိုမိုသေချာသွားပြီဟု ပါကစ္စတန်စစ်တပ်က ဆိုသည်။ ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းတွင် ပါကစ္စတန်နိုင်ငံအတွင်းနှင့် ပါကစ္စတန်အုပ်ချုပ်သည့် ကက်ရှ်မီးယားဒေသရှိ နေရာ ၉ ခုကို အိန္ဒိယက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ဆယ်စုနှစ်နှစ်ခုစာအတွင်း အဆိုးရွားဆုံး စစ်ရေးပဋိပက္ခ ပေါ်ပေါက်လျက် ရှိသည်။ ပါကစ္စတန်နိုင်ငံ နေရာအနှံ့သို့ အိန္ဒိယဘက်မှ တိုက်ခိုက်လာသည့် အစ္စရေးထုတ် Harop ဒရုန်း အစီးရေ ၂၅ စီးကို ပစ်ချခဲ့နိုင်ခဲ့သည်ဟု ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။ အိန္ဒိယဘက်မှ ဒရုန်းဖြင့် တိုက်ခိုက်မှုမှာ နောက်ထပ်ကျူးကျော်ရန်စမှုလုပ်ရပ်တစ်ခုကို ထပ်မံပြသလိုက်ခြင်း ဖြစ်သည်ဟု ပါကစ္စတန်စစ်တပ်၏ ပြောခွင့်ရပုဂ္ဂိုလ် အာမက်ရှာရစ်ချောင်ဒရီက […]

ပါကစ္စတန်နယ်ခြားမျဉ်းတစ်လျှောက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ဟု အိန္ဒိယပြော

May 8, 2025

ပိုင်နက်အငြင်းပွားနေသည့် ကက်ရှ်မီးယားဒေသ နယ်ခြားမျဉ်းတစ်လျှောက်တွင် အိန္ဒိယနှင့် ပါကစ္စတန်စစ်သားများအကြား မနေ့ညက လက်နက်ငယ်နှင့် လက်နက်ကြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း အိန္ဒိယစစ်တပ်က ယနေ့ ကြာသပတေးနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းတွင် ပါကစ္စတန်နိုင်ငံအတွင်းနှင့် ပါကစ္စတန်အုပ်ချုပ်သည့် ကက်ရှ်မီးယားဒေသရှိ နေရာ ၉ ခုကို အိန္ဒိယက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ယင်းသို့ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံ နယ်စပ်တွင် သေနတ်ဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ထပ်တလဲလဲဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကြီးပစ်ခတ်မှုအထိ အရှိန်မြင့်တက်လာခဲ့သည်။ ဗုဒ္ဓဟူးနေ့က ၎င်း၏ ဒုံးကျည်တိုက်ခိုက်မှုကြောင့် ပါကစ္စတန်ရှိ အကြမ်းဖက်သမားများ ရှိသည်ဆိုသော စခန်း ၉ ခုကို ဖျက်ဆီးနိုင်ခဲ့ဟု အိန္ဒိယက ပြောသည်။ အိန္ဒိယ၏ ဗုဒ္ဓဟူနေ့အစောပိုင်း ဒုံးကျည်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများအတွက် ကလဲ့စားချေတုံ့ပြန်သွားမည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်က ထိုနေ့ညမှာပင် နိုင်ငံသို့ မိန့်ခွန်းပြောကြားခဲ့သည်။ […]

ခရီးတင်လေယာဉ် တာယာပွင့်ထွက်လွင့်စင်မီးလောင်မှု စုံစမ်းစစ်ဆေးနေကြောင်း MNA ထုတ်ပြန်

May 7, 2025

မြန်မာအမျိုးသားလေကြောင်းလိုင်းက Boeing XY-ALV ဖြင့် မန္တလေးမြို့မှ ရန်ကုန်သို့ စတင်ထွက်ခွာရာတွင် လေယာဉ်၏ ဘရိတ်စနစ်ပှုပြင်းမှုကြောင့် ဘယ်ဘက်တာယာများ ပွင့်ထွက်လွင့်စင် မီးလောင်ခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်းက ထုတ်ပြန်သည်။ ခရီးသည် ၁၄၃ ဦးလိုက်ပါလာသည့် အဆိုပါလေယာဉ်သည် မေလ ၆ရက် ညနေ ၄နာရီ ၄၅ မိနစ်ခန့်တွင် စတင်ထွက်ခွာပြီး ပျံတက်ရန် ပြုလုပ်နေစဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးကို ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဖော်ပြသည်။ ကျန်ရှိသည့် တာယာများဖြင့် လေယာဉ်ကို ပြေးလမ်း၏ မြောက်ဘက် ထိပ်တွင် ရပ်တန့်နိုင်ခဲ့ကြောင်း ဆိုသည်။ အဆိုပါ မတော်တဆ ဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းလည်း မြန်မာအမျိုးသားလေကြောင်း (MNA) က အသိပေးထားသည်။ လေယာဉ်အမှုထမ်းများသည် လိုက်နာကျင့်သုံးရသော Safety Operating Procedure များအတိုင်း […]