ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ အီရတ်ပါလီမန်က သမ္မတအသစ်ရွေးချယ် အီရတ်ပါလီမန်ဟာ အောက်တိုဘာ ၁၃ ရက်မှာ သမ္မတအဖြစ် ကာ့ဒ်နိုင်ငံရေးသမား အက်ဗ်ဒူ လာတစ်ဖ် ရာရှစ်ဒ် (Abdul Latif Rashid) ကို ရွေးချယ်လိုက်ပြီး သမ္မတအသစ်ဟာ ချက်ချင်းပဲ မိုဟာမက်ဒ် ရှီယာ အယ်လ်-ဆူဒါနီ (Mohammed Shia Al-Sudani) ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလ ရွေးကောက်ပွဲကတည်းက နိုင်ငံရေးသမားတွေအနေနဲ့ အစိုးရသစ်တရပ်ဖွဲ့ဖို့ မလုပ်ဆောင်နိုင်ခဲ့ကြတဲ့အပေါ် ကာ့ဒ်လူမျိုးတွေ နေရာယူထားတဲ့ သမ္မတရာထူးနေရာအတွက် ရာရှစ်ဒ်ကို မဲပေးမှုဟာ အစိုးရအသစ်ဖွဲ့ဖို့ အဓိကခြေလှမ်း ဖြစ်ခဲ့ပါတယ်။ ဗြိတိသျှပညာတတ် အင်ဂျင်နီယာ […]
စစ်တပ်ကျောထောက် နောက်ခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်း ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲများ လုပ်ဆောင်နေသော်လည်း တနင်္သာရီတိုင်းတွင် ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲမရှိဟု ယင်းပါတီထံမှသိရသည်။ “တိုင်းမှာကတော့ အရင်တုန်းကဖွဲ့ထားတဲ့လူအတိုင်းပဲ အပြောင်းအလဲမရှိပါဘူး” ဟု ကြံခိုင်ရေးပါတီ တနင်္သာရီတိုင်းဥက္ကဋ္ဌ ဦးသန်းအောင်ကဆိုသည်။ စစ်ကောင်စီက ကျင်းပရန်စီစဉ်နေသည့် ၂၀၂၃ ရွေးကောက်ပွဲကို ဝင်ပြိုင်ရန်အတွက် ကြံ့ခိုင်ရေးပါတီက တတိယအကြိမ် ပါတီညီလာခံကို ယခုလပထမအပတ်တွင် ကျင်းပခဲ့ပြီး ပါတီထိပ်ပိုင်းခေါင်းဆောင် အများအပြားကို ပြောင်းလဲခဲ့သည်။ ပါတီညီလာခံမကျင်းပမီ လွန်ခဲ့သည့် သုံးလခန့်ကတည်းက တနင်္သာရီတိုင်းတွင်လည်း တိုင်းပါတီအလုပ်အမှုဆောင်အဖွဲ့ကို မဲပေးရွေးချယ်ခဲ့ကြောင်း ပါတီဝင်ဟောင်းတစ်ဦးက ဆိုသည်။ တိုင်းအဆင့် ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်များမှာ အရင်လူဟောင်းများ ပင်ဖြစ်ပြီး မြို့နယ်အဆင့်တွင်မူ အပြောင်းအလဲ အနည်းငယ်ရှိကြောင်း စုံစမ်းသိရှိရသည်။ မြို့နယ်ပါတီဥက္ကဋ္ဌတစ်ဦးနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံခဲ့ဖူးသည့် ကိုယ်စားလှယ်အချို့ ပါတီမှ နုတ်ထွက်ထားကြောင်း သိရသော်လည်း […]
လောင်းလုံးမြို့ဘက်သို့ ခရီးသွားသည့် ပြည်သူများ ယခုရက်ပိုင်းအတွင်း လမ်းခရီးတွင် ငွေကြေးတောင်းခံရမှုများ ရှိလာနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက်ပိုင်းက ထားဝယ်မှ လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာ၏ ကထိန်အလှူသို့ ကားဖြင့်သွားသော ပြည်သူများထံမှ ရဲဝတ်စုံဝတ်ထားသော တပ်ဖွဲ့ဝင်များက လူတစ်ဦးလျှင် ကျပ်ငါးထောင်နှုန်းဖြင့် ကောက်ခံနေကြောင်း ကိုယ်တိုင်ကြုံရသည် ခရီးသွားပြည်သူတစ်ဦးက ပြောသည်။ ၎င်းကိုယ်တိုင် ကျပ်ငါးထောင်ပေးပြီးမှ ဖြတ်သန်းသွားလာခွင့်ရခဲ့ကြောင်း ဆိုသည်။ လောင်းလုံးမြို့ တွင်း (ဃ) ရပ်ကွက်ရှိ လောင်းလုံး ထားဝယ်သွားလမ်းပိုင်းတစ်နေရာတွင် ရဲဝတ်စုံဝတ်ထားသော တပ်ဖွဲ့ဝင်များက စစ်ဆေးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ခရီးသည်များတွင် နှာခေါင်းစည်း ပါမပါ၊ မှတ်ပုံတင် ပါမပါ စသည်ဖြင့် အကြောင်းအမျိုးမျိုးရှာ၍ စစ်ဆေးနေခြင်းလည်းဖြစ်ကြောင်း ခရီးသွားပြည်သူအချို့က ပြောသည်။ “တရားဝင် […]
မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၏ နေအိမ် ယနေ့ မီးရှို့ခံရကြောင်း ဒေသခံများထံမှ သိရသည်။ တုံးဗျောကျေးရွာနေ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစိန်သန်းငယ် နေအိမ်အား ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်က လာရောက်မီးရှို့သွားကြောင်း ဒေသခံများက ပြောသည်။ “PDF တွေအများကြီးပဲ လာပြီးမီးရှို့သွားတာ။သူ့နဲ့ မိသားစုက အိမ်မှာမနေပဲ တခြားတစ်နေရာမှာ သွားရှောင်နေကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မီးရှို့ခံရသည့် အုပ်ချုပ်ရေးမှူး၏ နေအိမ်နှင့် မိုင်ဝက်ခန့်အကွာတွင် ပျူစောထီးနှင့် စစ်ကောင်စီကင်းစခန်းတစ်ခုရှိပြီး နှစ်ဖက်ပစ်ခတ်ခြင်းမျိုးမကြားရကြောင်း ဒေသခံများက ဆိုသည်။ “ပစ်ခတ်သံတော့မကြားရဘူး။ မီးရှို့ပြီးတာနဲ့ ပြန်ထွက်သွားကြတယ်” ဟု ဒေသခံနောက် အမျိုးသားတစ်ဦးက ပြောသည်။ အုပ်ချုပ်ရေးမှူး၏ နေအိမ်ကို PDF များ […]
Dawei Watch သတင်းဌာနကို ၂၀၁၂ ခုနှစ် မေလတွင်ထားဝယ်မြို့ အခြေစိုက် စတင် တည်ထောင်ခဲ့သည်။ Dawei Watch သည် ကနဦးတွင် တစ်နိုင်ငံလုံးခြုံထုတ်ဝေသည့် နေ့စဉ် သတင်းစာများ၊ အပတ်စဉ်များကို အဓိကအားဖြင့် တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်အတွင်းမှ သတင်းများ ဝန်ဆောင်မှုပေးလျက်ရှိသည်။ ယင်းအပြင် ထူးခြားမှုအလိုက် ထိုင်းရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားများ သတင်းကိုလည်း တင်ဆက်သည်။