မြို့နယ်ပေါင်းစုံ ရိုးရာလက်ဝှေ့ ပြိုင်ပွဲ ပုလောအသင်း တံခွန်စိုက်ဆု ဆွတ်ခူး

မြို့နယ်ပေါင်းစုံ အသက် ၂၀ နှစ် အောက်ရိုးရာလက်ဝှေ့ ပြိုင်ပွဲတွင် ပုလောမြို့နယ်အသင်းက တံခွန်စိုက် ဆွတ်ခူးသွားခဲ့ကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာန ထံမှသိရသည်။ ယင်းပြိုင်ပွဲတွင် ၅၁ ကီလိုတန်းမှ ၆၃.၅ ကီလိုတန်းအထိ ပြိုင်ပွဲအမျိုးအစား စုစုပေါင်း ခြောက်မျိုးကျင်းပရာ  ပုလောအသင်းသည်...

ထားဝယ်အသင်း ဗိုလ်လုပွဲတက်

အသက် ၁၇ နှစ်အောက် မြို့နယ် ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ထားဝယ်အသင်း ဗိုလ်လုပွဲသို့ တက်ရောက်သွား ပြီဖြစ်သည်။ ဇွန်လ ၂၂ ရက်က ကျင်းပသည့် အကြိုဗိုလ်လုပွဲတွင် ကော့သောင်းမြို့နယ်အသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ရငဲဘောလုံးပွဲ ဗိုလ်စွဲသည့်အသင်းကို ကျပ်ရှစ်သိန်းဆုချမည်

ဇူလိုင်လကုန်ပိုင်းတွင် ကျင်းပမည့် သရက်ချောင်းမြို့နယ်ရှိ ရငဲကျေးရွာ အုပ်ချုပ်ရေးမှူးဖလား ကျေးရွာပေါင်းစုံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲသည့် အသင်းအား ဆုငွေ ကျပ်ရှစ်သိန်း ချီးမြှင့် မည်ဖြစ်ကြောင်း ယင်းကျေးရွာအုပ်ချုပ် ရေးမှူးထံမှ သိရသည်။ တနင်္သာရီတိုင်းအတွင်း မြို့နယ် အဆင့်နှင့် ခရိုင်အဆင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျင်းပသည့် ဘောလုံးပြိုင်ပွဲများတွင်မူ ပထမဆုကို...

မြို့နယ်ပေါင်းစုံဖူဆယ်ပြိုင်ပွဲကျင်းပ မည်

မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဇွန်လကုန်ပိုင်းတွင် ကျင်းပ မည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ အမျိုးသားပြိုင်ပွဲတွင် တိုင်းအတွင်းရှိ မြို့နယ်အားလုံးက ပါဝင်ကြသော်လည်း အမျိုးသမီးပြိုင်ပွဲတွင်မူ သရက်ချောင်း၊...

ကျောင်းသားအားကစားပွဲတော် ပြန်ကျင်းပမည်

တနင်္သာရီတိုင်းတွင် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်ကို ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးအားကစားတာဝန်ခံ ဒေါ်မေစန္ဒာလွင်က ပြောသည်။ တနင်္သာရီတိုင်းတွင် ၁၉၉၆ ခုနှစ်က ကျင်းပခဲ့သည့် ကျောင်းသာအားကစား ပွဲတော်အတိုင်း ပြန်လည်ကျင်းပမည်ဖြစ်ပြီး ဘောလုံး၊ ဘော်လီဘော၊ပိုက်ကျော်ခြင်းနှင့် ပြေးခုန်ပစ် စသည့်...

ဆီးဂိမ်းပြိုင်ပွဲအတွက် တနင်္သာရီက ပဏာမကစားသမားတစ်ဆယ်ကျော် ရွေးချယ်ထား

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲအတွက် တနင်္သာရီတိုင်းမှ အားကစားသမား ၁၄ ဦးကို ပဏာမ ကစားမားအဖြစ် ရွေးချယ်ထားကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ ဘောလုံး၊ ဘတ်စကစ်ဘော၊ လက်ဝှေ့၊ ပြေးခုန်ပစ်၊...

သရက်ချောင်းမြို့နယ် အသက် ၁၇ နှစ်အောက် ဘောလုံးပြိုင်ပွဲ ကျွဲမင်းကုန်းအသင်း ဗိုလ်စွဲ

သရက်ချောင်းမြို့နယ်ဘောလုံး အဖွဲ့ချုပ်နာယကဖလား အသက် ၁၇ နှစ် အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကျွဲမင်းကုန်းအသင်းက မြို့နယ်ဘောလုံး အဖွဲ့ချုပ်အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ခြင်းကြောင်း မြို့နယ်ဘောလုံး အဖွဲ့ချုပ်ထံမှ သိရသည်။ အသက် ၁၇ အောက် ဘောလုံးပြိုင်ပွဲ...

ထားဝယ် ရပ်/ကျေးဘောလုံးပွဲ နှစ်ကုန်ခါနီးမှ ကျင်းပမည်

ထားဝယ်မြို့တွင် ပြိုင်ဆိုင်မှု ပြင်းထန် လေ့ရှိသည့် ရပ်ကွက်၊ ကျေးရွာ ဘောလုံး ပြိုင်ပွဲကို နှစ်ကုန်ခါနီး စက်တင်ဘာလမှ ကျင်းပရန် စီစဉ်ထားကြောင်း ထားဝယ်မြို့ နယ် အားကစားနှင့် ကာယပညာ ဦးစီး ဌာန အားကစားမှူး ဦးသန်းဇော်မိုးက ပြောသည်။ ယခင်က...

ထားဝယ်တက္ကသိုလ် ဒုတိယနှစ်ဝက်တွင် အားကစားနည်း ငါးမျိုးပြိုင်ပွဲ ကျင်းပမည်

ထားဝယ်တက္ကသိုလ် ဒုတိယနှစ်ဝက် ပညာသင်နှစ်တွင် အားကစားနည်း ငါးမျိုး ကို ပြိုင်ပွဲကျင်းပရန် စီစဉ်ထားကြောင်း ယင်းတက္ကသိုလ် အားကစားဌာန ဦးစီး အရာရှိ ဦးစံဌေးက ပြောသည်။ ဒုတိယနှစ်ဝက်တွင် ဘတ်စကက်ဘော၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ပိုက် ကျော်ခြင်း၊ ကာယအလှမယ်နှင့် ကာယ...

ထားဝယ်အသင်းက အနုပညာရှင်အသင်းကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရ

ထားဝယ်မြို့တွင်ကျင်းပသည့် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲတွင် ထားဝယ် ဘောလုံးအဖွဲ့ချုပ်အသင်းက Star Actor အနုပညာရှင်အသင်းကို ၃ ဂိုး၊ ၂ ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။ ပထမပိုင်းတွင် တစ်ဂိုး ဂိုးမရှိဖြင့် ထားဝယ်ဘောလုံးအဖွဲ့ချုပ်အသင်းက ဦးဆောင်နေခဲ့သည်။ ဒုတိယပိုင်းတွင်း ထားဝယ်ဘောလုံး...