ရငဲဘောလုံးပွဲ ဗိုလ်စွဲသည့်အသင်းကို ကျပ်ရှစ်သိန်းဆုချမည်

0
593

ဇူလိုင်လကုန်ပိုင်းတွင် ကျင်းပမည့် သရက်ချောင်းမြို့နယ်ရှိ ရငဲကျေးရွာ အုပ်ချုပ်ရေးမှူးဖလား ကျေးရွာပေါင်းစုံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲသည့် အသင်းအား ဆုငွေ ကျပ်ရှစ်သိန်း ချီးမြှင့် မည်ဖြစ်ကြောင်း ယင်းကျေးရွာအုပ်ချုပ် ရေးမှူးထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်း မြို့နယ် အဆင့်နှင့် ခရိုင်အဆင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျင်းပသည့် ဘောလုံးပြိုင်ပွဲများတွင်မူ ပထမဆုကို ကျပ် နှစ်သိန်း၊ ဒုတိယဆုကို ကျပ်တစ်သိန်းထက်ပိုမချီးမြှင့်ရန် သက်ဆိုင်ရာမြို့နယ်များကို ညွှန်ကြားထားကြောင်း တိုင်း အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

ရငဲဘောလုံးပွဲတွင် ဗိုလ်စွဲသည့် အသင်းကို ကျပ်ရှစ်သိန်းအပြင် ဒုတိယ ကျပ်ငါးသိန်းနှင့် တတိယ ကျပ်နှစ်သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းအောင်က ပြောသည်။

အမြင့်ဆုံးဆုကြေး ကျပ်ရှစ်သိန်း အထိ သတ်မှတ်ထားခြင်းမှာ ယင်းဘောလုံး ပြိုင်ပွဲကို အားကစားသမားများ ပိုမိုစိတ်ဝင်စားလာစေရန်နှင့် ထူးချွန်သည့်အား ကစားသမားများ ပိုများလာစေရန် ရည် ရွယ်ကြောင်း ၎င်းက ပြောသည်။

ယမန်နှစ်က ကျင်းပသည့် ဘောလုံး ပြိုင်ပွဲတွင်မူ အမြင့်ဆုံးဆုငွေအဖြစ် ကျပ် ငါးသိန်းချီးမြှင့်ခဲ့ကြောင်း ၎င်းက ပြောသည်။

“ပြိုင်ပွဲတစ်ခုသွားပြိုင်ပြီး ပထမဆု တစ်ခု ဒိုင်းတစ်ခုရပြီး ပြန်လာချိန်မှာ ပိုက်ဆံ ငါးသိန်းလောက်မျိုးဆိုတာက ဘောလုံးသမားတွေအတွက် မိတ်ဆုံစားပွဲတစ်ခု လုပ်ဖို့လောက်ပဲရှိတာ”ဟု ဦးမျိုးမင်းအောင်က ဆိုသည်။

ယင်းပြိုင်ပွဲအတွက်ဆုငွေများကို ရငဲရွာရှိ ဘောလုံးဝါသနာရှင်များ၊ လုပ်ငန်း ရှင်များက ကူညီပံ့ပိုးပေးထားခြင်းဖြစ် ကြောင်း ရငဲကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

Dawei Watch