ထားဝယ်အသင်း ဗိုလ်လုပွဲတက်

0
553

အသက် ၁၇ နှစ်အောက် မြို့နယ် ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ထားဝယ်အသင်း ဗိုလ်လုပွဲသို့ တက်ရောက်သွား ပြီဖြစ်သည်။

ဇွန်လ ၂၂ ရက်က ကျင်းပသည့် အကြိုဗိုလ်လုပွဲတွင် ကော့သောင်းမြို့နယ်အသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ထားဝယ် အသင်းသည် ဇွန်လ ၂၃ ရက် တွင် ယှဉ်ပြိုင်မည့် လောင်းလုံးအသင်းနှင့် ကလိန်အောင်အသင်းမှ အနိုင်ရသည့် အသင်းနှင့် ဇွန်လ ၂၅ ရက်တွင် ဗိုလ်လုပွဲ ကစားရမည်ဖြစ်သည်။

ထားဝယ်အသင်းသည် အုပ်စုပွဲစဉ်မှ ကွာတားဖိုင်နယ်ပွဲစဉ်အထိ လေးပွဲကစား လေးပွဲအနိုင်ရရှိထားပြီး ရဂိုး ၃၇ ဂိုးနှင့် ပေးဂိုး ၅ ဂိုးရှိနေသည်။

လောင်းလုံးအသင်းနှင့် ကလိန်အောင် အသင်းမှာ အုပ်စုပွဲစဉ်မှ ကွာတားဖိုင်နယ် ပွဲစဉ်အထိ သုံးပွဲစီ ကစားထားပြီး  လောင်းလုံး အသင်းက နှစ်ပွဲနိုင် တစ်ပွဲသရေ ရဂိုး ၉ ဂိုး၊ ပေးဂိုး ၅ ဂိုးရှိနေပြီး ကလိန်အောင် အသင်းက သုံးပွဲစလုံးအနိုင်ရထားပြီး ရဂိုး ၁၄ ဂိုး၊ ပေးဂိုး ၅ ဂိုးရရှိထားသည်။

ထားဝယ်အသင်းသည် အုပ်စုနှင့် ကွာတားဖိုင်နယ်ပွဲစဉ်အထိ ပြိုင်ပွဲအားလုံးတွင် ဂိုးပြတ်အနိုင်ပွဲများရရှိထားသော်လည်း အကြိုဗိုလ်လုပွဲတွင် ကော့သောင်းအသင်း ကို ဒုတိယပိုင်းတွင်သွင်းသည့် တစ်လုံးတည်းသောဂိုးဖြင့်သာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

အကြိုဗိုလ်လုပွဲတက်ရောက်လာ သည့် အသင်းများအနက် ထားဝယ်အသင်းက ကျန်အသင်းများထက် ခြေစွမ်းပိုင်း ပိုကောင်းသဖြင့် ဗိုလ်စွဲနိုင်ခြေများကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူအချို့က ခန့်မှန်း ထားသည်။

Dawei Watch