မြို့နယ်ပေါင်းစုံဖူဆယ်ပြိုင်ပွဲကျင်းပ မည်

0
659

မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဇွန်လကုန်ပိုင်းတွင် ကျင်းပ မည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

အမျိုးသားပြိုင်ပွဲတွင် တိုင်းအတွင်းရှိ မြို့နယ်အားလုံးက ပါဝင်ကြသော်လည်း အမျိုးသမီးပြိုင်ပွဲတွင်မူ သရက်ချောင်း၊ ပုလောနှင့် တနင်္သာရီ အသင်းတို့ကပါဝင် ခြင်းမရှိပေ။

ယင်းပြိုင်ပွဲကို ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားကွင်းရှိ ဖူဆယ်ဘောလုံး အားကစားရုံတွင် ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၅ ရက်အထိ ယှဉ်ပြိုင်မည် ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် အမျိုးသား၊ အမျိုး သမီးပြိုင်ပွဲနှစ်ခုစလုံးအတွက် နှစ်မျိုးခွဲကာ ဆုချီးမြှင့်မည်ဖြစ်ပြီး ပထမဆုရ အသင်း ကို သုံးသိန်းကျပ်၊ ဒုတိယဆုရအသင်းကို ၂ သိန်းကျပ်စီ ဆုပေးရန် စီစဉ်ထားကြောင်း တိုင်းအားကစားနှင့် ကာပညာ ဦးစီးဌာန ထံမှ သိရသည်။

ကျော်သူစိုး