ထားဝယ်တက္ကသိုလ် ဒုတိယနှစ်ဝက်တွင် အားကစားနည်း ငါးမျိုးပြိုင်ပွဲ ကျင်းပမည်

0
846

ထားဝယ်တက္ကသိုလ် ဒုတိယနှစ်ဝက် ပညာသင်နှစ်တွင် အားကစားနည်း ငါးမျိုး ကို ပြိုင်ပွဲကျင်းပရန် စီစဉ်ထားကြောင်း ယင်းတက္ကသိုလ် အားကစားဌာန ဦးစီး အရာရှိ ဦးစံဌေးက ပြောသည်။

ဒုတိယနှစ်ဝက်တွင် ဘတ်စကက်ဘော၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ပိုက် ကျော်ခြင်း၊ ကာယအလှမယ်နှင့် ကာယ ဗလမောင် စသည့် ပြိုင်ပွဲများ ကျင်းပ မည်ဖြစ်ကြောင်း ဦးစံဌေးကပြောသည်။

ယင်းပြိုင်ပွဲများ ကျင်းပနိုင်ရန်အတွက် လိုအပ်သည့် ဒိုင်လူကြီးများရရှိရေး၊ အားကစားကွင်းများ အသုံးပြုခွင့်ရရှိရေး များအတွက် ညှိနှိုင်းခြင်းများလုပ်ဆောင်နေပြီး ကျင်းပမည့်နေ့ကို စီစဉ်ထားပြီးဖြစ် ကြောင်း ၎င်းက ပြောသည်။

“ကျောင်းဖွင့်ရင်တော့ အစည်းအဝေး လုပ်ပြီး ဘယ်နေ့မှာ ကျင်းပမယ်ဆိုတာ တွေ အတည်ပြုမယ်ပေါ့။ အခုကတော့ လျာထားတဲ့အဆင့်ပဲရှိသေးတယ်” ဟု ၎င်းက ဆိုသည်။

ပထမနှစ်ဝက် ပညာသင်နှစ်တွင် ဘောလုံး၊ ဘော်လီဘော၊ စစ်တုရင်၊ ပြေးခုန်ပစ် စသည့် အားကစားနည်း ရှစ်မျိုး ကို ကျင်းပခဲ့ကြောင်း ဦးစံဌေးက ပြောသည်။

ကျော်သူစိုး