ထားဝယ်အသင်းက အနုပညာရှင်အသင်းကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရ

0
3245

ထားဝယ်မြို့တွင်ကျင်းပသည့် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲတွင် ထားဝယ် ဘောလုံးအဖွဲ့ချုပ်အသင်းက Star Actor အနုပညာရှင်အသင်းကို ၃ ဂိုး၊ ၂ ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။

ပထမပိုင်းတွင် တစ်ဂိုး ဂိုးမရှိဖြင့် ထားဝယ်ဘောလုံးအဖွဲ့ချုပ်အသင်းက ဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်းတွင်း ထားဝယ်ဘောလုံး အဖွဲ့ချုပ်က ၂ ဂိုး ထပ်သွင်းနိုင်ခဲ့ပြီး Star Actor အသင်းက နှစ်ဂိုး ပြန်လည်ချေပ ခဲ့ခြင်း ဖြစ်သည်။

Actor Star အသင်းတွင် ဇာနည်၊ နေဒွေးနှင့် သားဂန်း၊ သတ်္တိ စသည့် ကစား သမား ၁၈ ဦးပါဝင်ပြီး ထားဝယ်ဘောလုံး အဖွဲ့ချုပ်အသင်းတွင် ထားဝယ် Old Star အသင်းမှ ကစားသမားများ၊ တိုင်းနှင့် ပြည်နယ် လက်ရွေစင် ကစားသမားများ ပါဝင်ကြသည်။

ယင်းဘောလုံးပြိုင်ပွဲကို ထားဝယ်မြို့ တိုင်းအားကစားကွင်းတွင် မေလ ၁၉ ရက်က ကျင်းပခဲ့ပြီး မိုးမိုး၊ သားဂန်း၊ ဘေဘီမောင်၊ မေပန်းချီ စသည့် အနုပညာရှင်များက သီဆိုဖျော်ဖြေခဲ့ကြသည်။

Actor Star အသင်းသည် ရေဖြူ မြို့နယ် ကံပေါက်ကျေးရွာတွင်လည်း မေလ ၂၀ ရက်က ချစ်ကြည်ရေး ဘောလုံး သွားရောက်ကစားခဲ့ကြောင်း သိရသည်။

ကျော်သူစိုး