မြို့နယ်ပေါင်းစုံ ရိုးရာလက်ဝှေ့ ပြိုင်ပွဲ ပုလောအသင်း တံခွန်စိုက်ဆု ဆွတ်ခူး

0
698
ဓာတ်ပုံ - ဦးမောင်မောင်မြင့်

မြို့နယ်ပေါင်းစုံ အသက် ၂၀ နှစ် အောက်ရိုးရာလက်ဝှေ့ ပြိုင်ပွဲတွင် ပုလောမြို့နယ်အသင်းက တံခွန်စိုက် ဆွတ်ခူးသွားခဲ့ကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာန ထံမှသိရသည်။

ယင်းပြိုင်ပွဲတွင် ၅၁ ကီလိုတန်းမှ ၆၃.၅ ကီလိုတန်းအထိ ပြိုင်ပွဲအမျိုးအစား စုစုပေါင်း ခြောက်မျိုးကျင်းပရာ  ပုလောအသင်းသည် ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် နှစ်ခုဖြင့် စုပေါင်း တံခွန်စိုက်ဆုတို့ ရရှိခြင်း ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့ သည့် ပုလောအသင်းမှ ရိုးရာလက်ဝှေ့ အားကစားသမား သုံးဦးအပါအ၀င် ရွှေတံဆိပ်ရသူ စုစုပေါင်း ခြောက်ဦးကို တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲအတွက် ပဏာမ ရွေးချယ်ထားကြောင်း အထက်ပါဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်က ပြောသည်။

ယင်းပြိုင်ပွဲကို ဇူလိုင်လ ၂၀ ရက်မှ ၂၂ ရက်အထိ ပုလောမြို့နယ် အားကစားခန်းမတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ရိုးရာလက်ဝှေ့ ကစားနည်းတွင် ပုလောမြို့မှ အားကစားသမားများသည် တနင်္သာရီတိုင်း အတွက် အဓိက အားထားရသည့် ကစားသမားများတွင် ပါဝင်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

Dawei Watch