ကျောင်းသားအားကစားပွဲတော် ပြန်ကျင်းပမည်

0
1217

တနင်္သာရီတိုင်းတွင် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်ကို ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးအားကစားတာဝန်ခံ ဒေါ်မေစန္ဒာလွင်က ပြောသည်။

တနင်္သာရီတိုင်းတွင် ၁၉၉၆ ခုနှစ်က ကျင်းပခဲ့သည့် ကျောင်းသာအားကစား ပွဲတော်အတိုင်း ပြန်လည်ကျင်းပမည်ဖြစ်ပြီး ဘောလုံး၊ ဘော်လီဘော၊ပိုက်ကျော်ခြင်းနှင့် ပြေးခုန်ပစ် စသည့် အားကစားနည်း လေးမျိုး ပါဝင်ရမည်ဟု ကနဦးသတ်မှတ်ထားကြောင်း ဒေါ်မေစန္ဒာလွင် က ပြောသည်။

တနင်္သာရီတိုင်းတွင် ယင်းပြိုင်ပွဲကို နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားပြီး မြို့နယ်အဆင့်နှင့် တိုင်းဒေသကြီးအဆင့်ဟူ၍ နှစ်မျိုးကျင်းပမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းနောက် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ကျင်းပမည့် ကျောင်းသားအားကစား ပွဲတော်ကိုမှု နေပြည်တော်တွင် ဒီဇင်ဘာလ ၌ ကျင်းပမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျောင်းသားအားကစားပွဲတော် တွေကို တိုင်းနှင့်ပြည်နယ်တိုင်းမှာ ပြန်လုပ် မယ်ဆိုပြီးတော့ ရုံးချုပ်အစည်းအဝေးပွဲမှာ ပြောလိုက်တယ်” ဟု မေလက ယင်းအစည်း အဝေးကို တက်ရောက်ခဲ့သည့် ဒေါ်မေစန္ဒာလွင်က ဆိုသည်။

ပြိုင်ပွဲကျင်းပမည့် ရန်ပုံငွေကိုမူ ပညာရေးရန်ပုံငွေမှ အသုံးပြုမည်မဟုတ်ဘဲ ယင်းအားကစားပွဲတော်တွင် ပါဝင်မည့် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ် က ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး က ကျောင်းသားအားကစား ပွဲတော်ကို ၂၀၁၈- ၁၉ ပညာသင်နှစ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပြောဆိုထားခဲ့ သော်လည်း ယင်းပညာသင်နှစ်တွင် ကျင်းပ နိုင်ခြင်းမရှိခဲ့ပေ။

Dawei Watch