ထိုင်းထွက်ကြလို့ ရော်ဘာမခြစ်တော့

တိုင်းပြည်တည်ငြိမ်မှု မရှိသည့်အပြင် နယ်မြေမအေးချမ်းမှုများကြောင့် တနင်္သာရီတိုင်းအတွင်း နေထိုင်သူများမှာ ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံတို့သို့ သွားရောက်ကာ အလုပ်လုပ်ကိုင်နေကြသည်။ အလုပ်လုပ်နိုင်သည့် အသက်အရွယ်ဖြစ်သော လူငယ်၊လူရွယ်များမှာ တိုင်းအတွင်းမရှိကြတော့ပေ။ ယင်းသို့ပင် တိုင်းပြင်ပမှ လာရောက်လုပ်ကိုင်သူများမှာလည်း နယ်မြေမအေးချမ်းသဖြင့်...

ကိုဗစ်လှိုင်းဒဏ် ခံနေရပြီလား

ဆောင်းရာသီဝင်ရောက် လာချိန်တွင် ရာသီအကူးအပြောင်းတွင် ဖြစ်လေ့ဖြစ်ထရှိသော ဖျားနာမှုနှင့်အတူ ကိုဗစ်နိုင်တင်းရောဂါ တစ်ကျော့ပြန်ဖြစ်ပွားလာနေသည်။ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း ကိုဗစ်ကူးစက်ခံရသူများ ဆက်တိုက်တွေ့ရှိလာပြီး သေဆုံးမှုများလည်း ဖြစ်ပေါ်နေသည်။ တနင်္သာရီတိုင်း ထားဝယ်မြို့တွင် အောက်တိုဘာ...

စံချိန်တင်တက်လာတဲ့ ကော့သောင်းက မီတာခ

ကော့သောင်းမြို့တွင် ဖိုးသီးချိုကုမ္ပဏီက ဒီဇယ်ဆီသုံးအင်ဂျင်ဖြင့် လျှပ်စစ်မီးဖြန့်ဝေသည်။ ဖိုးသီးချိုသည် လျှပ်စစ်ဌာနတွင်တင်ဒါအောင်ပြီး ရပ်ကွက်အများစုကို ဖြန့်ဖြူးနေပြီး သီးသန့်ပုဂ္ဂလိကအစီအစဉ်ဖြင့်လည်း ရပ်ကွက်နှစ်ခုကို ဖြန့်ဖြူးလျက်ရှိသည်။ လျှပ်စစ်ဌာနတွင် တင်ဒါအောင်ပြီး ဖြန့်ဖြူးခြင်းကို ဒေသခံတို့က EPC မီးဟုခေါ်ဆိုကြပြီး ပုဂ္ဂလိက အစီအစဉ်ဖြင့် ဖြန့်ဖြူးခြင်းကို ဖိုးသီးချိုမီးဟု...

ဘယ်ရောက်‌ရောက် ကြောက်နေရတဲ့ မြန်မာတွေ

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် မလုံခြုံမှု၊ အလုပ်အကိုင်ရှားပါးကာ ကုန်ဈေးနှုန်းကြီးမြင့်လာသဖြင့် စားဝတ် နေရေး ကျပ်တည်းမှုတို့နှင့် ကြုံကြရသည်။ ထို့ကြောင့် တနင်္သာရီတိုင်းအပါအဝင် နိုင်ငံတဝန်းမှ လူငယ်လူရွယ် အများစုမှာ ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် နေ့စဉ်နှင့်အမျှ သွားရောက်နေကြသည်။

ဆိုင်ကယ်မြင်တိုင်းဖမ်းနေတာ ဘာကြောင့်လဲ

တနင်္သာရီတိုင်း ထားဝယ်မြို့တွင် စစ်ကောင်စီက အကြောင်းပြချက်အမျိုးမျိုးဖြင့် ဆိုင်ကယ်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာသည်။ မြိတ်မြို့၊ကော့သောင်းမြို့များတွင် ဆိုင်ကယ်ဖမ်းဆီးမှု နည်းပါးသော်လည်း ထားဝယ်မြို့တွင်မူ ပြည်သူများ ဆိုင်ကယ်စီးပြီး အပြင်မထွက်ရဲလောက်အောင်ပင် ဖမ်းဆီးမှုကြမ်းနေသည်။ ယင်းသို့ဖမ်းဆီးမှုများတွင် စကတ်ဝတ်ပြီးဆိုင်ကယ်စီး၍...

‘ငါးဖမ်းလုပ်ငန်းတွေ ရပ်သွားတော့မလား’

မြန်မာပြည်တောင်ပိုင်း တနင်္သာရီကမ်းမြှောင်ဒေသတွင်တည်ရှိသည့် တနင်္သာရီတိုင်းတွင် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးသူ အများအပြားရှိနေသည်။ ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ ကမ်းဝေးငါးဖမ်းလှေ ၁၅၀၀ ကျော်နှင့် ကမ်းနီးငှားဖမ်းလှေ ၄၀၀၀ ‌ခန့်အထိရှိကြောင်း တွေ့ရသည်။ ခေတ်အဆက်ဆက်...

အဖမ်းခံရမလား… အသတ်ခံရမလား…

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့က လမ်းဆုံလမ်းခွများတွင် တားဆီး စစ်ဆေးမှုများ ခပ်စိပ်စိပ်လုပ်ဆောင်လာကြသည်။ တားဆီးစစ်ဆေးမှုများနှင့်အတူ အခန့်မသင့်ပါက ဖမ်းဆီးခြင်း၊ ပစ်ခတ်ခြင်းများလည်း ဖြစ်ပေါ်တတ်သည်ဖြစ်ရာ ဒေသခံများမှာ အပြင်တစ်နေရာ သွားရန်အတွက် အဖမ်းခံရမလား.... အသတ်ခံရမလား ထိတ်လန့်လျက်ရှိကြသည်။

ခြိမ်းခြောက်ငွေတောင်းတာ ဘယ်သူတွေလဲ

စစ်အာဏာသိမ်းပြီး နောက်ပိုင်းပြည်သူလူထုမှာ မလုံခြုံမှုများစွာ ကြုံတွေ့နေကြရသည်။ တရားဥပဒေ စိုးမိုးမှုလျော့ကျလာခြင်းနှင့်အတူ မသမာသူများက ဓားပြတိုက်၊ လုယက်၊ ခြိမ်းခြောက်ငွေတောင်းမှုများလည်း အဖြစ်များလာသည်။ ပြည်သူလူထုမှာလည်း မလုံခြုံမှုများ၊ ပဋိပက္ခများကြားတွင် ရှင်သန်နေရမှုကြောင့် မတရားအနိုင်ကျင့်...

မြင်မြင်သမျှ ကြောက်နေရတဲ့ ပြည်သူတွေ

အာဏာသိမ်းမှု နောက်ဆက်တွဲ ရိုက်ခတ်မှုအဖြစ် တရားဥပဒေ စိုးမိုးမှုမရှိတဲ့ အခြေအနေတစ်ခုကို ဖြတ်သန်းနေကြရပါတယ်။ အားကိုးရာမဲ့နေတဲ့ ပြည်သူတွေအနေနဲ့ ကိုယ့်အန္တရာယ်ကိုယ်ကြည့်ရှောင်ကြရတဲ့ အနေအထားမှာ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုတွေလည်း ပျောက်ဆုံးလာနေပါပြီ။ ဒီကာလမှာ ရပ်ကွက်တွေထဲကို...

ရောင်းလေရှုံးလေ… ကဲ… ဘာဆက်လုပ်မလဲ

ယနေ့အရင်းသည့် နောက်နေ့အရှုံး၊ ရောင်းရလေရှုံးလေဟု ဈေးသည်များ နောက်ပြောင်ပြောဆို ရလောက်အောင်ပင် ကုန်ဈေးနှုန်း မတည်ငြိမ်မှုဒဏ်ကို ဈေးသည်များ ခံစားနေကြရသည်။ ကျပ်ငွေတန်ဖိုးကျဆင်းမှုနှင့်အတူ ဈေးနှုန်းများ အဆက်မပြတ်မြင့်တက်မှုကြောင့် ယနေ့ရောင်းလိုက်သည့် ကုန်မှာ နောက်နေ့တွင် ဈေးထပ်တက်သွား၍ ရောင်းရငွေဖြင့် ယင်းကုန်စည်ကို...