အကြွေးနွံထဲကျနေတဲ့ တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များ

တနင်္သာရီတောင်ပိုင်းရှိ အသေးစား စီးပွားရေး လုပ်ငန်းများမှာ ကိုဗစ်ကပ်ဘေး၊ မတည်ငြိမ်သော နိုင်ငံရေးအခြေအနေတို့ကြောင့် ရပ်တည်ရခက်ခဲလာပြီး လုပ်ငန်းအများအပြား ရပ်ဆိုင်းသွားကြရသည်။ ဆက်လက်လုပ်ကိုင်နေသည့် လုပ်ငန်းများမှာလည်း အကြွေးများဖြင့် လည်ပတ်နေရသည့်အတွက် အတိုးပိကာ အကြွေးနွံထဲကျရောက်နေကြရသည်။

“ရတာနဲ့ မကာမိမှာစိုးလို့ လယ်လုပ်ဖို့ မသေချာသေးဘူး”

တနင်္သာရီ ပုံရိပ်များ လယ်ယာထွန်ယက်ကြမယ့် မိုးရာသီရောက်ဖို့ တစ်လလောက်ပဲ လိုတော့ပေမယ့် လယ်သမားတွေ လယ်လုပ်ဖို့ တွေဝေတုံ့ဆိုင်းနေကြဆဲဖြစ်ပါတယ်။ စက်သုံးဆီ၊ ဓာတ်မြေဩဇာ စတဲ့ လယ်ယာသွင်းအားစုတွေ ဈေးအဆမတန် ခုန်တက်သွားတာကြောင့် ဖြစ်ပါတယ်။ ဒီနှစ်မှာ စပါးဈေးတွေ တက်ပေမယ့်...

“ရှေ့ဆက်ပြီး …. ဒီထက်ဒုက္ခဖြစ်ဖို့များမယ်”

တနင်္သာရီ ပုံရိပ်များ စစ်ကောင်စီလက်ထက် အသစ်ပြဌာန်းသော စည်းမျဉ်းအရ ယခုနှစ်ငါးမဖမ်းရရာသီမှာ ဧပြီ၊ မေ၊ ဇွန် လများအဖြစ် ရှေ့တိုးပြောင်းလဲသတ်မှတ်ထားသည်။ နော်ဝေသုတေသနသင်္ဘော၏ တွေ့ရှိချက်အရ မြန်မာ့ပင်လယ်ပြင်တွင် ငါးများလျော့နည်းလာသဖြင့် ငါးသားပေါက်ရာသီအပြင် ငါးဥ...

“အခုက အလုပ်အကိုင်လည်း အဆင်မပြေကြပဲကိုး။ အခက်အခဲကတော့ အမျိုးမျိုးပဲ။ငွေကြေးရော၊ လုပ်ငန်းရော၊ မီတာခတွေဈေးတက်လာတာရော အကုန်လုံးပဲ အခက်အခဲရှိတယ်”

တနင်္သာရီ ပုံရိပ်များ မြန်မာနိုင်ငံ၏ တောင်ပိုင်းဒေသဖြစ်သည့် တနင်္သာရီတိုင်းမှာ ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဒေသတစ်ခုဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်သော ဒေသတစ်ခုလည်းဖြစ်သည်။  သို့သော်ယခုနှစ်များတွင် ကိုဗစ်ကပ်ဘေးနှင့် ဆိုးရွာသည့်နိုင်ငံရေး အခြေအနေများကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသဖြင့် ယိုယွင်းကျဆင်းမှုများ ကြုံတွေ့နေရသည်။ ယင်းကြောင့် တောင်ပိုင်းသားများ ကြုံတွေ့နေရသည့် အခက်အခဲ အကျပ်အတည်းများကို သိရှိနိုင်စေရန် Dawei Watch ကဒေသခံများကို မေးမြန်း၍ အပတ်စဉ် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။ တနင်္သာရီတိုင်းမှာ ပုဂ္ဂလိက လျှပ်စစ်မီတာကိုသာ အဓိကအားပြုနေရပြီး လျှပ်စစ်မီတာခဈေးနှုန်း မြင့်မားစွာ ပေး၍ဝယ်ယူသုံးစွဲနေကြရသည်။ ထားဝယ်တွင် မီတာခ တစ်ယူနစ် ၂၉၈ ကျပ်ဖြစ်နေချိန်တွင် မီးမရောက်သေးသည့် ကျေးလက်ဒေသများတွင် မီတာခမှာ တယူနစ်လျှင် ငွေကျပ် ၁၀၀၀ မှ ကျပ် ၂၀၀၀ အထိပေးနေရသည်။