အတ္တ ဦးထုပ်တွေ ချွတ်ရေး

နှစ်ပေါင်းများစွာ တံခါးပိတ် ဝါဒနှင့် နေထိုင်လာပြီး၊ အာဏာရှင် စနစ်၏ ဖိနှိပ်မှုအောက်တွင် နေထိုင်လာခဲ့ရသည့် ယနေ့ လူ့အဖွဲ့အစည်းသည် သံသယများ မယုံကြည်မှုများ အတော်များသည်ကို တွေ့ရသည်။  ယင်းနှင့်အပြိုင် စိတ်ဒဏ်ရာများလည်း ဗလပွ။ ထို့ကြောင့် တစ်ဦးကို တစ်ဦး၊ တစ်ဖွဲ့ကို တစ်ဖွဲ့ သံသယများ မယုံကြည်မှု များဖြင့်သာ...

လှိုင်းများ

ကိုယ့်စိတ်ကို သတိထားကြည့်မိသူတိုင်း၊ အစွဲကင်းစွာကြည့်သူတိုင်း မလွဲ မသွေမြင်ရမည်မှာ ကိုယ့်ခိုင်ကြည်မှုကို လာတွန်းတိုက်နေသည့် အခိုက်အတန့် အရေးအရာကိစ္စများ၊ အခိုက်အတန့်ခံစားချက်များ ဖြစ်သည်။ မိမိသွားလိုသည့် အနာဂတ်၊ မိမိရောက်လိုသည့်အရပ်ကို သွေဖယ်စေမည်၊ ခရီးကို ဖေးနှင့်စေမည့် အခိုက်အတန့်များစွာကို မကြာခဏဆိုသလို ကြုံရသည်။ မည်သူမဆို ကြုံကြရမည်ဖြစ်သည်။ ထိုသို့ကြုံရသည့်အခါ မည်သူတွေ...

အတိတ်ယားနာ

ယားနာဖြစ်ဖူးသူတိုင်း သိသည့် သီအိုရိတစ်ခု ရှိသည်။ ယားနာကို ပွတ်ခြင်း၊ ကုတ်ခြင်းသည် ယင်းအနာကို မပျောက်ကင်းစေ။ ပြင်းပြင်းထန်ထန်ကုတ်ပါက သွေးစို့တက်လာမည်။ ခဏတာ အယားပြေသော်လည်း အနာက ကောင်းမသွား။ သို့ဆိုလျှင် အတိတ်သည် ယားနာနှင့် တူသည်ဟု ဆိုရပေမည်။ ခဏခဏ ယား၍ ခဏခဏ ကုတ်ရသည်။...
editorial

ကျောင်းပြီး၍ စာတတ်ကြရလေအောင်

အချို့သော နိုင်ငံများတွင် ကျောင်းပြီးသော်လည်း စာမတတ်သော လူငယ်များ ကိစ္စကို အလေးပေး ထောက်ပြလာကြပြီဖြစ်သည်။ ဤနေရာတွင် စာမတတ်ခြင်းဆိုသည်မှာ စာရေး၊ ဖတ်တတ်ခြင်းကို ဆိုလိုရင်းမဟုတ်ပါ။ အဓိကအားဖြင့်...

မီဒီယာကို အသုံးချတတ်ပါစေ

မီဒီယာဟူသည် အတိုက်အခံမဟုတ်၊ သရုပ်မှန်ကို ဖော်ပြသည်။ပြဒါးမှန်နှင့်တူသည်။ ပြုံးပြလျှင်အပြုံးရိပ်ထင်မည်။ မဲ့ပြလျှင်မဲ့ရိပ်ထင်မည်။ ထိုသဘောတရားကို သတိမထားမိသူများ၊ မိမိကိုယ်မိမိ ပြန်မမြင်သူများက မိမိ၏ မဲ့နေပုံများ၊ မဲ့နေသည်ကိုသိသာစေသည့်စကားလုံးများ မီဒီယာတွင်ဖော်ပြခံရပါကအဆိုပါမီဒီယာအား အတိုက်အခံဟု ထင်မြင်ယူဆ လိုက်တတ်ကြသည်။ မီဒီယာ၏ တာဝန်များအနက် တစ်ခုမှာအများနှင့်သက်ဆိုင်သူတို့၏ လှုပ်ရှား လုပ်ဆောင်မှု၊ ထင်မြင်ချက်စသည်တို့ကို ပြည်သူထံ မှန်ကန်တိကျစွာ...

အဝေးမြင်၊ အနီးမြင် ပြသနာ

ကိစ္စရပ်တစ်ခုတွင်ဖြစ်စေ၊ လုပ်ငန်းတစ်ခုတွင်ဖြစ်စေအမြဲလိုလို ကြုံရသည့် ပြသနာ တစ်ရပ်ရှိသည်။ အခြားမဟုတ်။ အဝေးမြင်ခြင်းနှင့် အနီးမြင်ခြင်း ဖြစ်သည်။ အလုပ်ရှင်နှင့် အလုပ်သမား၊ မိဘနှင့်သားသမီးမှအစ၊ နိုင်ငံတော်သမ္မတနှင့် အကြံပေး(သို့မဟုတ်) ထောက်ပြ ဝေဖန်သူများအဆုံး ယင်းပြသနာ ကြုံ ကြရသည်။ ယင်းတို့တွင် မည်သူကအနီးမြင်ပြီး မည်သူက အဝေးမြင်တတ်သည်ကို ပုံသေတပ်အပ် မပြောနိုင်ပေ။ တစ်ဦးချင်းစီ၏...

အမှီအခို လျော့ရေး

ယနေ့ခေတ် လူမှုဘ၀များ အင်မတန်အမှီအခိုကြီးလာသည်။များစွာသော မှီခိုမှုများအနက် လျှပ်စစ်ဓာတ်အားအပေါ် အလွန်အကျွံ မှီခိုနေရခြင်းမှာ အဆိုးဆုံး ဖြစ်သည်။လျှပ်စစ်မီးအပေါ် အလွန်အကျွံမှီခိုထားသည့် ဘ၀နေထိုင်မှု ပုံစံကြောင့် လျှပ်စစ်မီးမရှိသည့်အခါ နေအိမ်တစ်ခုလုံး၏ အရာရာသည် ဟန်ချက်ပျက်သွား ခဲ့သည်။ ရေပုံးဖြင့် ရေငင်၍မရသည့် အဝီစိတွင်းများ၊ အဲကွန်း၊ ပန်ကာဖွင့်မထားလျှင် နေထိုင်မရသည့်အိမ်ခန်းများ၊ ချက်ပြုတ်ကြော်လှော်မရတော့သည့်...
editorial

အခြေခံ

လူအဖွဲ့အစည်းအတွင်းတွင် စောင့်စည်းလိုက်နာသင့်သည့် အခြေခံများကို မလိုက်နာ မကျင့်ကြံသည့် အခြေအနေမျိုးသည် ဘ၀လုံခြုံမှု မရှိဟု ခံစားရသည့် ခံစားမှု အများဆုံး ဖြစ်သည်။ အခြေခံဟုဆိုလိုက်သည်နှင့် နက်နဲခက်ခဲသည့် အရာများကို မဆိုလိုကြောင်း သဘောပေါက်ပြီးသား ဖြစ်ပေမည်။
editorial

တစ်ကိုယ်ရေက ခွာပါ

တိုင်းပြည်တစ်ပြည်မှ တော်ပေ့တတ်ပေ့ဆိုသည့်သူများ အခြားတိုင်းပြည်များတွင် သွားရောက်လုပ်ကိုင်ကြ အခြေချကြသည့်ကိစ္စနှင့် ပတ်သက်ပြီး ကောင်း၏ ဆိုး၏၊ ဖြစ်သင့်၏ မဖြစ်သင့်၏ ပြောဆို ငြင်းခုန်ကြလေ့ ရှိသည်။ တစ်စုံတစ်ရာကို ထူးချွန်တတ်မြောက်သောသူများ တိုင်းပြည်သို့ လာရောက် အခြေချစေချင်သူများ...

တစ်ကိုယ်တော်များ

လက်ရှိတိုင်းအတွင်း ရေဘေးကယ်ဆယ် ကူညီရေးနှင့် ပတ်သက်ပြီး လေ့လာမိသလောက် သတင်းအချက်အလက်များကို  တစ်ဦးချင်းစီ၏ ဖေ့စ်ဘုတ် လူမှုကွန်ရက်များမှ အသိပေးနေသည်ကို တွေ့ရသည်။ တစ်ယောက်တစ်ပေါက် အသိပေးတတ်သလောက် အသိပေးနေသလို ဖြစ်နေသည်။ တစ်ဦးတစ်ယောက်ဟုဆိုရာတွင် ၀န်ကြီးချုပ်ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်စေ တစ်ဦးတစ်ယောက်ကိုသာ ဆိုလိုသည့်အတွက် သတင်းအချက် အလက်များကို...