တစ်ကိုယ်ရေက ခွာပါ
တိုင်းပြည်တစ်ပြည်မှ တော်ပေ့တတ်ပေ့ဆိုသည့်သူများ အခြားတိုင်းပြည်များတွင် သွားရောက်လုပ်ကိုင်ကြ အခြေချကြသည့်ကိစ္စနှင့် ပတ်သက်ပြီး ကောင်း၏ ဆိုး၏၊ ဖြစ်သင့်၏ မဖြစ်သင့်၏ ပြောဆို ငြင်းခုန်ကြလေ့ ရှိသည်။ တစ်စုံတစ်ရာကို ထူးချွန်တတ်မြောက်သောသူများ တိုင်းပြည်သို့ လာရောက် အခြေချစေချင်သူများ...
တစ်ကိုယ်တော်များ
လက်ရှိတိုင်းအတွင်း
ရေဘေးကယ်ဆယ် ကူညီရေးနှင့် ပတ်သက်ပြီး လေ့လာမိသလောက် သတင်းအချက်အလက်များကို တစ်ဦးချင်းစီ၏ ဖေ့စ်ဘုတ် လူမှုကွန်ရက်များမှ အသိပေးနေသည်ကို
တွေ့ရသည်။ တစ်ယောက်တစ်ပေါက် အသိပေးတတ်သလောက် အသိပေးနေသလို ဖြစ်နေသည်။ တစ်ဦးတစ်ယောက်ဟုဆိုရာတွင်
ဝန်ကြီးချုပ်ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်စေ တစ်ဦးတစ်ယောက်ကိုသာ ဆိုလိုသည့်အတွက်
သတင်းအချက် အလက်များကို...
တကယ့် ပြဿနာ
လက်ရှိ ကာလတွင် လူတို့သည် ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ်ကို နေ့တဓူ၀ ပေါပေါလွယ်လွယ် သုံးစွဲနေကြသည်။ ထို့အတူပင် ပလတ်စတစ်အိတ်အသုံးပြုခြင်းကြောင့် ထိခိုက်ရမှုများအကြောင်း ပူပင်စွာပြောပြီး ပလတ်စတစ်ကို မသုံးသင့်ကြောင်း လောဆော်ကြသူများလည်း ရှိသည်။
အလုပ်က လုပ်၊ အလုပ်ကို လုပ်
အလုပ်က လုပ်ရန် တွန်းသည့်အတွက် လုပ်နေရသည့်သူနှင့် အလုပ်ကို ကိုယ်က လုပ်နေသူဟူ၍ နှစ်မျိုး ရှိသည်။ အများစုတွေ့ရသည်မှာ အလုပ်က လုပ်ရန် ခိုင်းသည့်အတွက် လုပ်နေသည်က များသည်။
အသံတိတ်သူများ၏ အသံကိုလည်း နားထောင်ပါ
နိုင်ငံ၏
အရေးအရာ ကိစ္စများနှင့်ပတ်သက်ပြီး ဆုံးဖြတ်ရာတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် အလွာအသီးသီးမှ
အသံများသည် အင်မတန်အရေးကြီးသည်ကို အားလုံး သိပြီး ဖြစ်သည်။ သို့သော်
ဆုံးဖြတ်ပိုင်ခွင့်ရှိသူများသည် အခါတော်တော်များများတွင် မိမိတို့ လွယ်လင့်တကူကြားသည့်
အသံများကိုသာ နားထောင်ပြီး ဆုံးဖြတ်ချက်များကို ချလေ့ ရှိသည်။
မျိုးဆက်သစ်များအတွက် နေရာ
မည်သည့် အဖွဲ့အစည်းမဆို ကြာရှည်နိုင်သမျှ ကြာရှည်အောင် တည်တံ့လိုကြသည်။ မပျက်သည့် အဟုန်ဖြင့် ခရီးဆက်လိုကြသည်။
သို့သော် အဖွဲ့အစည်းတိုင်းတွင် ၎င်းတို့၏ အဖွဲ့များ အဓွန့်ရှည်ရေး အတွက် စနစ်တကျ စီစဉ်ထားသည့် အစီအမံနှင့် ထည့်သွင်း စဉ်းစားထား သည့် နည်းနာများမရှိပေ။ တချို့ အဖွဲ့အစည်းများသည် ကာလတစ်ခုတွင် အရှိန်အဟုန်ဖြင့်...
ကိုယ့်ကိုကိုယ် တည်ဆောက်ခြင်း
နိုင်ငံတစ်ခု၏ အသေးဆုံးယူနစ်ကို မိသားစုတစ်ခုနှင့် ခိုင်းနှိုင်းသည်ကို ကြားဖူးသည်။ ထိုထက်ပိုသေးသည့် ယူနစ်တစ်ခုရှိသည်။ ယင်းမှာ လူတစ်ဦးချင်း၊ တစ်ယောက်ချင်း။ နိုင်ငံတည်ဆောက်ရေးအကြောင်း ပြောပြီဆိုလျှင် လုံးဝ မချန်ထားအပ်သည်မှာ လူတစ်ဦးချင်းစီ၏ ကိုယ့်ကိုကိုယ် တည်ဆောက်ခြင်းကိစ္စ ဖြစ်သည်။ လူတစ်ဦးချင်းစီက ကိုယ့်ဘ၀ကိုယ်၊ ကိုယ်လျှောက်သည့် လမ်း၊ ကိုယ်ရွေး ချယ်သည့် သက်မွေးဝမ်းကျောင်းကို...
လုံခြုံစိတ်ချ၊ သန့်ရှင်းသော မြို့
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အဓိက မြို့ကြီးများတွင် လုံခြုံစိတ်ချ၊ သန့်ရှင်းသော မြို့ဖြစ်လာရေး အရပ်ဘက်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ စည်ပင်သာယာရေး ကော်မတီတို့ အသီးသီးပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ထားဝယ်အပါအဝင် တိုင်းဒေသကြီးရှိ ဒေသအချို့မှာ သန့်ရှင်းမှုကြောင့် နာမည်ကျော်လေ့...
တိုင်းနှင့် ပြည်နယ် လွှတ်တော်များ၏ အခန်းကဏ္ဍ
ကယားပြည်နယ် လွှတ်တော်က ကယားပြည်နယ် ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင် ဖြုတ်ချလိုက်သည်။ ယင်းမှာ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်ပြီးနောက်ပိုင်း အစိုးရ အဆက်ဆက်တွင် အစိုးရနှင့် လွှတ်တော်အကြား အပြင်းထန်ဆုံးသော ပွတ်တိုက်မှုဖြစ်သည်။ ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော အပြန်အလှန်ထိန်းကျောင်းမှု၏ သရုပ်သကန်လည်း ဖြစ်သည်။
သွတ်သွင်းခြင်းနှင့် ပညာပေးခြင်း
ပြီးခဲ့သည့်အပတ်က အစည်းအဝေးတစ်ခုတွင် Brain Wash လုပ်ခြင်းနှင့် Educate (အသိပညာပေးခြင်း) လုပ်ခြင်း ပတ်သက်ပြီး ငြင်းခုန်ဖြစ်သည်။ တချို့က Brain Wash လုပ်ခြင်းသည် Educate လုပ်နည်း တစ်မျိုးဟု ဆိုသည်။ သို့သော်တစ်ချို့ကလက်မခံ။ Brain Wash လုပ်ခြင်းသည် မြင်းလှည်းမောင်းသည့် မြင်းကဲ့သို့...