ကြားလူလိုပါသည်

ထားဝယ်လယ်သမားများနှင့် အစိုးရအဖွဲ့တွေ့ဆုံသော်လည်း မပြေလည်ဟု သိရသည်။ တွေ့ဆုံပွဲအပြီးတွင် လယ်သမားများဘက်က ပြောသည်က အဖြေတစ်စုံ တရာ မရ။ ဆန္ဒပြတော့မည်။ တွေ့ဆုံပွဲမတိုင်မီက လယ်သမားများ တောင်းဆိုခဲ့သည့် ငါးပွင့်ဆိုင်ကိစ္စလည်း မပြေလည်ခဲ့ဟု ဆိုသည်။ မည်သည့်အတွက် ငါးပွင့်ဆိုင် တွေ့ဆုံရေးကိုအစိုးရဘက်ကတွန့်ဆုတ်နေ သည်မသိပါ။ မည်သည့်အတွက်ကြောင့် ကြားလူများကိုကြောက်နေသည် မသိပါ။...

နိုင်ငံရေးအလုပ်သည် ဝန်ဆောင်မှုပေးခြင်း ဖြစ်သည်

နိုင်ငံရေးအလုပ်သည်နိုင်ငံသူနိုင်ငံသားများအား ဝန်ဆောင်မှု ပေးခြင်းဖြစ် သည်ဟု နိုင်ငံရေးသမား ဘယ်နှဦးက ခံယူပါသနည်း။ထိုမေးခွန်းကို အခုတလောတစ်ယောက်တည်း မေးနေမိသည်မှာအကြိမ် တစ်သန်းမက။ အခြားကြောင့်မဟုတ်။ နိုင်ငံရေးသမားများ၊ အထူးသဖြင့်အာဏာရနိုင်ငံရေး သမားများက ကယ်တင်ရှင်သဖွယ် နေထိုင်ပြောဆိုပြုမှုကျင့်ကြံနေကြသည်ကိုတွေ့ရသောကြောင့် ဖြစ်သည်။ ယေဘုယျအားဖြင့် လွှတ်တော်ကိုယ်စားလှယ်များသည် ဥပဒေများ ပြုစုခြင်း၊ ပြင်ဆင်ခြင်း၊ အစိုးရနှင့်တရားစီရင်ရေးမဏ္ဍိုင်ကို အထိန်းအထေပြုခြင်းဖြင့်...

အမှိုက်ကင်းစင်ရေး လမ်းမပေါ်အဖြေမရှိ

နှစ်ရက်တာ အမှိုက်ကောက်လှုပ်ရှားမှု လုပ်ဆောင်ခဲ့ကြပြီးဖြစ်သည်။ ဦးစွာပြော လိုသည်မှာ အမှိုက်ကိုကောက်ရကောင်းမှန်း သိလာသည့်အတွက် များစွာကျေးဇူးတင်လှ သည်။ ပထမတော့ မည်သူမည်ဝါမှန်း မသိပစ်ခဲ့သော အမှိုက်များအတိုင်းအတာတစ်ရပ် အထိ ရှင်းသွားမည်။ သို့သော် အမှိုက်လိုက်ကောက်နေရုံဖြင့် ထာဝရအမှိုက်ကင်းသွားမည်မဟုတ်ပါ။အမှိုက်ကောက်ပြီးနောက် နောက်တစ်ဆင့်တက်ရန်မှာ အမှိုက်ကိုစည်းကမ်းမဲ့မပစ်ရေး အသိတိုးရန် ဖြစ်သည်။ ထိုနောက်အမှိုက်ကို မည်သည့်နေရာတွင် ပစ်ရမည်ဟူသော...

ကိုယ့်ကိုကိုယ် တည်ဆောက်ခြင်း

နိုင်ငံတစ်ခု၏ အသေးဆုံးယူနစ်ကို မိသားစုတစ်ခုနှင့် ခိုင်းနှိုင်းသည်ကို ကြားဖူးသည်။ ထိုထက်ပိုသေးသည့် ယူနစ်တစ်ခုရှိသည်။ ယင်းမှာ လူတစ်ဦးချင်း၊ တစ်ယောက်ချင်း။ နိုင်ငံတည်ဆောက်ရေးအကြောင်း ပြောပြီဆိုလျှင် လုံးဝ မချန်ထားအပ်သည်မှာ လူတစ်ဦးချင်းစီ၏ ကိုယ့်ကိုကိုယ် တည်ဆောက်ခြင်းကိစ္စ ဖြစ်သည်။ လူတစ်ဦးချင်းစီက ကိုယ့်ဘ၀ကိုယ်၊ ကိုယ်လျှောက်သည့် လမ်း၊ ကိုယ်ရွေး ချယ်သည့် သက်မွေးဝမ်းကျောင်းကို...
editorial

လုံခြုံစိတ်ချ၊ သန့်ရှင်းသော မြို့

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အဓိက မြို့ကြီးများတွင် လုံခြုံစိတ်ချ၊ သန့်ရှင်းသော မြို့ဖြစ်လာရေး အရပ်ဘက်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ စည်ပင်သာယာရေး ကော်မတီတို့ အသီးသီးပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ထားဝယ်အပါအဝင် တိုင်းဒေသကြီးရှိ ဒေသအချို့မှာ သန့်ရှင်းမှုကြောင့် နာမည်ကျော်လေ့...

တိုင်းနှင့် ပြည်နယ် လွှတ်တော်များ၏ အခန်းကဏ္ဍ

ကယားပြည်နယ် လွှတ်တော်က ကယားပြည်နယ် ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင် ဖြုတ်ချလိုက်သည်။ ယင်းမှာ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်ပြီးနောက်ပိုင်း အစိုးရ အဆက်ဆက်တွင် အစိုးရနှင့် လွှတ်တော်အကြား အပြင်းထန်ဆုံးသော ပွတ်တိုက်မှုဖြစ်သည်။ ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော အပြန်အလှန်ထိန်းကျောင်းမှု၏ သရုပ်သကန်လည်း ဖြစ်သည်။

သွတ်သွင်းခြင်းနှင့် ပညာပေးခြင်း

ပြီးခဲ့သည့်အပတ်က အစည်းအဝေးတစ်ခုတွင် Brain Wash လုပ်ခြင်းနှင့် Educate (အသိပညာပေးခြင်း) လုပ်ခြင်း ပတ်သက်ပြီး ငြင်းခုန်ဖြစ်သည်။ တချို့က Brain Wash လုပ်ခြင်းသည် Educate လုပ်နည်း တစ်မျိုးဟု ဆိုသည်။ သို့သော်တစ်ချို့ကလက်မခံ။ Brain Wash လုပ်ခြင်းသည်   မြင်းလှည်းမောင်းသည့်   မြင်းကဲ့သို့...

ပြိုင်တူ ဆက်တွန်းကြရေး

၂၀၁၀ ပြည့်လွန်နှစ်တွေမှာတိုင်းအတွင်း ထားဝယ်အရေး လှုပ်ရှားမှုများ အားရဖွယ်ရှိခဲ့သည်။ စာပေ ယဉ်ကျေးမှုနယ်ပယ်၊ နိုင်ငံရေး နယ်ပယ်အသီးသီးတွင် ထားဝယ် အရေးနှင့်ပတ်သက်သည့်  လှုပ်ရှားမှုများကို ခပ်စိပ်စိပ်တွေ့လာရသည်။ အဖွဲ့အစည်း အမည်နာမ၊ လူပုဂ္ဂိုလ် ကွဲပြားကြစေကာမူအားလုံး၏ စိတ်သန္တန်တွင်တူညီကြသည်က ထားဝယ်စာပေ ယဉ်ကျေးမှုနှင့်အတူ ထားဝယ်လူမျိုး အသိအမှတ်ပြုခံရရေး ဖြစ်သည်။ မိမိသန်ရာကဏ္ဍအလိုက် ထားဝယ်နှင့်ဆိုင်သည်များကို ဖော်ထုတ်ကြ...

ဥပဒေ၊ညွှန်ကြားချက်များ ခေတ်မီရေး

နိုင်ငံတိုင်းတွင် နိုင်ငံသားတိုင်း လိုက်နာကျင့်သုံးရမည့်ဥပဒေများ၊ အမိန့်ညွှန် ကြားချက်များ ရှိသည်။ ဥပဒေ၊ အမိန့်ညွှန်ကြားချက်များကို ရေးဆွဲ၊ ညွှန်ကြားရာ တွင်တည်ဆဲလွတ်တော်အစိုးရက နိုင်ငံ၏ အနေအထားနှင့်ကိုက်ညီရန်၊ ဥပဒေတစ်ခု နှင့်တစ်ခု ဟန်ချက်ညီရန် စသဖြင့်အဘက်ဘက်မှ ချိန်ဆကာ ရေးဆွဲလေ့ရှိသည်။ ဥပဒေများနှင့် အမိန့်ညွှန်ကြားချက်များသည် နိုင်ငံသားတို့အား စည်းကြပ်ကန့် သတ်ရန်သာ မဟုတ်။...